စုစုလွင်၊ ဒေါ်
ဒေါ်စုစုလွင် | |
---|---|
![]() | |
မြန်မာနိုင်ငံ၏ First Lady | |
တာဝန်သက်တမ်း ၃၀ မတ်လ ၂၀၁၆ – ၂၁ မတ်လ ၂၀၁၈ | |
သမ္မတ | ဦးထင်ကျော် |
ယခင်လူ | ဒေါ်ခင်ခင်ဝင်း |
ဆက်ခံသူ | ဒေါ်ခင်သက်ဌေး (ယာယီ) |
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၂ မေ ၂၀၁၂ – ၃၁ ဇန်နဝါရီ ၂၀၂၁ | |
ယခင်လူ | ဦးမြင့်မောင် |
ဆက်ခံသူ | ကိုယ်တိုင် (ရွေးကောက်ပွဲရလဒ်ဖျက်သိမ်း) |
မဲဆန္ဒနယ် | သုံးခွမြို့နယ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | [၁] ရန်ကုန် | ၂၂ ဧပြီ၊ ၁၉၅၂
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
ကြင်ဖော်(များ) | ဦးထင်ကျော် |
မိဘ | သီရိပျံချီ ဦးလွင်နှင့် ဒေါ်တင်တင်မလေး |
ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
ဒေါ်စုစုလွင် သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နဝမမြောက် သမ္မတဖြစ်သူ ဦးထင်ကျော်၏ ဇနီး ဖြစ်သည်။ သူမသည် သုံးခွမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၁၂ ခုနှစ် မေလ ၂ ရက်နေ့မှ စတင်ကာ ဆောင်ခဲ့သည်။[၁][၂][၃] ပြည်သူ့လွှတ်တော်၏ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ၏ ဥက္ကဋ္ဌ တာဝန်ကိုလည်း ၂၀၁၆ မတ်လ ၃၁ ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]ဒေါ်စုစုလွင်ကို လွတ်လပ်ရေးမော်ကွန်းဝင် အငြိမ်းစား ဗိုလ်မှူးကြီး နှင့် အငြိမ်းစား နိုင်ငံတော် ဒုတိယဝန်ကြီးချုပ် သီရိပျံချီ ဦးလွင် နှင့် ဒေါ်တင်မမလေးတို့က ၁၉၅၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။[၁] သမီးနှစ်ဦးအနက် အကြီးဆုံး ဖြစ်သည်။ ငယ်စဉ်က အထက ၃၊ မော်လမြိုင်၊ အထက ၂ ကမာရွတ်၊ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့၊ Radnor Elementary School မက်သဒစ် အင်္ဂလိပ်အထက်တန်းကျောင်း တို့တွင် ပညာသင်ကြားခဲ့သည်။[၄]
နိုင်ငံ့ဝန်ထမ်းဘဝ
[ပြင်ဆင်ရန်]ပညာရေးတက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ကို အင်္ဂလိပ်စာ အဓိကဖြင့်ရရှိခဲ့ကာ[၂] မြန်မာနိုင်ငံ ပညာရေး သုတေသီအဖွဲ့တွင် ၁၃ နှစ် ကျော်ကြာ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ဦးထင်ကျော်နှင့် လက်ထပ်ခဲ့သည်။
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီတက္ကသိုလ်တွင် သင်ခန်းစာ ရေးသားခြင်းဆိုင်ရာ ဘွဲ့လွန်သင်တန်း တက်ရောက်ခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် ကထိကရာထူးမှ နုတ်ထွက်ခဲ့သည်။
နိုင်ငံရေးသမားဘဝ
[ပြင်ဆင်ရန်]၁၉၈၉ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းအတွင်း၌ အင်္ဂလိပ်စာသင်တန်းများ ပို့ချပေးခဲ့သည်။ ၁၉၉၀ ခုနှစ်မှစ၍ UNICEF တွင် ပညာရေး စီမံကိန်းအရာရှိအဖြစ် ထမ်းဆောင်ခဲ့ခြင်း၊ လူအခွင့်အရေး အခြေပြု စီမံကိန်းရေးဆွဲခြင်း တာဝန်များ ထမ်းဆောင်ကာ အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲများ၊ သင်တန်းများကို ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မော်ရိုကို တို့တွင် တက်ရောက်ခဲ့သည်။
![](http://upload.wikimedia.org/wikipedia/commons/3/3e/Su_Su_Lwin.jpg)
၁၉၉၉-၂၀၀၀ မှစ၍ သုံးခွမြို့နယ်တွင် ကျောင်းနေအရွယ် အားလုံး ကျောင်းနေရေး စီမံကိန်းနှင့် စဉ်ဆက်မပြတ် အကဲဖြတ် အတန်းတင် စီမံရေးအရာရှိအဖြစ် UNICEF ဘက်မှ ဆောင်ရွက်ခဲ့ကာ ၂၀၀၅ ခုနှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့သည်။ အမေ့အိမ်အခမဲ့ ပညာဒါနကျောင်းများဖွင့်ကာ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာများအား ကလေးဗဟိုပြု ချဉ်းကပ်သင်ကြားနည်းများ ပို့ချဆွေးနွေးပေးခဲ့သည်။
![](http://upload.wikimedia.org/wikipedia/commons/thumb/f/f8/The_President_of_Myanmar%2C_Mr._Htin_Kyaw_paying_floral_tributes_at_the_Samadhi_of_Mahatma_Gandhi%2C_at_Rajghat%2C_in_Delhi_on_August_29%2C_2016.jpg/220px-The_President_of_Myanmar%2C_Mr._Htin_Kyaw_paying_floral_tributes_at_the_Samadhi_of_Mahatma_Gandhi%2C_at_Rajghat%2C_in_Delhi_on_August_29%2C_2016.jpg)
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီ၏ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ ၁.၂ လွှတ်တော်အမတ်များ - ဒေါ်စုစုလွင်။ Open Myanmar Initiative။ ၁၅ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Aung Hla Tun။ "Presidency beckons for Suu Kyi confidant after two months in party"၊ Reuters News၊ 10 March 2016။ 10 March 2016 တွင် ပြန်စစ်ပြီး။
- ↑ ဒေါ်စုစုလွင် ပြည်သူ့ လွှတ်တော်။ 14 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 January 2021 တွင် ပြန်စစ်ပြီး။
- ↑ "မြန်မာနိုင်ငံရဲ့ First Lady ဖြစ်လာမယ့် ဒေါ်စုစုလွင်"။