ဥပဿုတိသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင်သည် နာတိကရွာ ဂိဉ္ဇကာဝသထအုတ်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ဆိတ်ငြိမ်ရာအရပ်၌ တစ်ပါးတည်းကိန်းအောင်းစဉ် “အဇ္ဈတ္တိကာယတန ၆-ပါး နှင့် ဗဟိဒ္ဓါယတန ၆-ပါးကို စွဲ၍ ဝိညာဏ် ၆-ပါး ဖြစ်၏။ ထိုသုံးပါးတို့ ပေါင်းဆုံသည် ရှိသော် ဖဿ ၆-ပါး ဖြစ်၏၊ ဖဿကြောင့် ဝေဒနာဖြစ်၏-အစရှိသည်ဖြင့် ပဋိစ္စသမုပ္ပါဒ် အနုလောမဒေသနာတော်ကို၎င်း၊ အထက်ပါ အာယတန ၁၂-ပါး, ဝိညာဏ် ၆-ပါးတို့ ပေါင်းဆုံသည်ရှိသော် ဖဿဖြစ်၏၊ ဖဿကြောင့် ဝေဒနာဖြစ်၏၊ ဝေဒနာကြောင့် တဏှာဖြစ်၏၊ တဏှာချုပ်လျှင် ဥပါဒါန်ချုပ်၏-အစရှိသည်ဖြင့် ပဋိစ္စသမုပ္ပါဒ ပဋိလောမ ဒေသနာတော်ကို၎င်း”မိန့်ကြားတော်မူပါသည်၊ ဘုရားရှင်၏ စကားတော်ကြားလောက် ရာအရပ်၌ ရဟန်းတော်တစ်ပါး ရပ်တည်နေပါသည်၊ ထိုရဟန်းတော်ကို သင်ယူလော့၊ အထပ်ထပ် မပြတ် လေ့လာလော့၊ ဆောင်မှတ်ထားလော့၊ အကျိုးစီးပွားရှိသောတရားတော် ဗြဟ္မစရိယ၏အစဖြစ်သောတရားတော်ပေတည်း-ဟု မိန့်တော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၃၁၀-၁။ သံ၊မြန်၊၂၊၃၀၃-၅။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ (၁၁)၁-ယောဂက္ခေမိဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ