ဥပဿယသုတ်

ဝီကီပီးဒီးယား မှ

[၁] အရှင်မဟာကဿပထေရ် သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသည့်အခါ အရှင်အာနန္ဒာမထေရ်က သုံးကြိမ်တိုင်တိုင် လျှောက်ထားသဖြင့် အရှင်မဟာကဿပထေရ်သည် ပစ္ဆာသမဏ အရှင်အာနန္ဒာနှင့်အတူ ဘိက္ခုနီကျောင်း တစ်ကျောင်းသို့ ကြွသွားတော်မူပါသည်၊ ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူ၍ ဘိက္ခုနီတို့အား အရှင်မဟာကဿပထေရ်က တရားစကား မိန့်ကြားတော်မူပါသည်။

ပြန်ကြွတော်မူသည့်အခါ ထုလ္လတိဿာဘိက္ခုနီက အရှင်မဟာကဿပထေရ်အား ကဲ့ရဲ့ စကား ပြောကြားပါသည်။ အရှင်မဟာကဿပထေရ် ကြားသိတော်မူသဖြင့် အရှင်အာနန္ဒာအား ထိုကဲ့ရဲ့သော ဥပမာစကားဖြင့်ပင် မေးတော်မူသည့်အခါ အရှင်အာနန္ဒာထေရ်က အရှင်မဟာကဿပထေရ်အား တောင်းပန်လျှောက်ထားပါသည်။ အရှင်မဟာကဿပထေရ်က သီဟနာဒကထာမိန့်ကြားတော်မူသည့်အခါ ထုလ္လတိဿာ ဘိက္ခုနီ လူဝတ်လဲသွားရပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ/ဋီကာတို့၌-မှတ်သားဖွယ်ရာများကို ဖွင့်ပြထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၄၁၅-၇။ သံ၊မြန်၊၁၊၄၀၅-၇။ သံ၊ဋ္ဌ၊၂၊၁၆၃-၄။ သံ၊ဋီ၊၂၊၁၆၃။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၅-ကဿပသံယုတ္တ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ