ဥပ္ပဋိပါဋိကသုတ်

ဝီကီပီးဒီးယား မှ

[၁] ဒုက္ခိန္ဒြေ, ဒေါမနဿိန္ဒြေ, သုခိန္ဒြေ, သောမနဿိန္ဒြေ, ဥပေက္ခိန္ဒြေ-ဟု ဣန္ဒြေ ၅-ပါးရှိပုံ၊ ဤသာသနာတော်၌ မမေ့မလျော့ ပြင်းထန်စွာ အားထုတ်လျက် နိဗ္ဗာန်သို့ စိတ်ကိုစေလွှတ်လျက် နေသောရဟန်းအား ဒုက္ခိန္ဒြေဖြစ်ပေါ်လာ၏၊ ထိုယောဂီရဟန်းတော်သည် “ငါ့အား ဤဒုက္ခန္ဒြေဖြစ်ခဲ့ပြီ၊ ထိုဒုက္ခိန္ဒြေသည်လည်း အကြောင်းနိမိတ်နှင့် တကွဖြစ်၏၊ အကြောင်းခံနှင့် တကွဖြစ်၏၊ ပြုပြင်မှုနှင့် တကွဖြစ်၏၊ အထောက်အပံ့ နှင့် တကွဖြစ်၏၊ အကြောင်းနိမိတ်မရှိပဲ အကြောင်းခံမရှိပဲ ပြုပြင်မှုမရှိပဲ အထောက်အပံ့ မရှိပဲ ဒုက္ခိဖြစ်သောအကြောင်းမျိုး မရှိနိုင်-ဟု သိ၏၊ ထိုရဟန်းသည် ဒုက္ခိန္ဒြေ ဟူသော “ဒုက္ခသစ္စာကိုလည်း သိ၏၊ ဒုက္ခိန္ဒြေ၏ဖြစ်ကြောင်း “သမုဒယကိုလည်း သိ၏။ ဒုက္ခိန္ဒြေ၏ချုပ်ရာ “နိရောဓကိုလည်း သိ၏၊ ဖြစ်ပြီးသော ဒုက္ခန္ဒြေ၏ အကြွင်းမဲ့ချုပ်ရာ “ပထမဈာန်”၊ ဒေါမနဿိန္ဒြေ၏ အကြွင်းမဲ့ချုပ်ရာ “ဒုတိယဈာန်၊ သုခိန္ဒြေ၏ အကြွင်းမဲ့ ချုပ်ရာ “တတိယဈာန်၊ သောမနဿိန္ဒြေ၏ အကြွင်းမဲ့ချုပ်ရာ စတုတ္ထဈာန်၊ ဥပေက္ခိန္ဒြေ၏ အကြွင်းမဲ့ချုပ်ရာ ‘နေဝသညာနာသညာယတနဈာန်ကိုလည်း သိ၏-အစရှိသည်ဖြင့် ဣန္ဒြေတစ်ပါးစီကို အကျယ်ဝေဖန်၍ ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၁၈၈-၁၉၀။ သံ၊မြန်၊၃၊၁၉၄-၆။ သံ၊ဋ္ဌ၊၃၊၂၇၃-၅။ သံ၊ဋီ၊၂၊၄၉၇-၈။ ၂၇၈။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၄-ဣန္ဒြိယသံယုတ္တ၊ ၄-သုခိန္ဒြိယဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ