ဥပါဒါနသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] လှည်း ၁၀-စီးတိုက်, အစီး ၂၀-တိုက်, အစီး ၃၀-တိုက်, အစီး ၄၀-တိုက် ထင်းပုံကြီးကိုလောင်မြိုက်နေသော မီးပုံကြီးထဲသို့ ရံဖန်ရံခါ ယောက်ျားသည် မြက်ခြောက်, နွားချေးခြောက်, ထင်းခြောက်တို့ကို ထည့်ပေးနေလျှင် လောင်စာကြောင့် ထိုမီးပုံကြီးသည် ကြာမြင့်စွာ တောက်လောင်နေသကဲ့သို့ ထို့အတူ ဥပါဒါန်၏အကြောင်း ဖြစ်ကုန်သော တေဘူမကတရားတို့၌ သာယာဖွယ်ဟု ရှုနေသောသူအား တပ်မက်မှု “တဏှာ”တိုးပွားလာ၏၊ တဏှာဟူသောအကြောင်းကြောင့် ဥပါဒါန်ဖြစ်၏-အစရှိသည်ဖြင့် ချမ်းသာမဖက် ဆင်းရဲသက်သက်အစု ဖြစ်ပုံကို၎င်း။ -မီးပုံကြီးကို မီးစာမထည့် ပါက လောင်စာမရှိတော့သဖြင့် မီးပုံကြီး ငြိမ်းပျောက်သွားသကဲ့သို့ ဥပါဒါနိယတရားတို့၌ အပြစ်ရှိပုံကို ရှုနေသောသူအား တပ်မက်မှု “တဏှာချုပ်ငြိမ်းသွားပုံ၊ တဏှာ ချုပ်ခြင်းကြောင့် ဥပါဒါန်ချုပ်ပုံ-အစရှိသည်ဖြင့် ဆင်းရဲအစုအဝေးကြီး ချုပ်ငြိမ်းပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌-ဥပမာနနှင့် ဥပမေယျတိုက်ဆိုင်ပုံ မှတ်သားဖွယ်ကို ဖွင့်ပြ ထားပါသည်။


[၂] ဥပါဒါန်လေးပါးနှင့် ဥပါဒါန်လေးပါးကို ထူးသောဉာဏ်ဖြင့် သိရန်, ပိုင်းခြား၍ သိရန်ကုန်ခမ်းစေရန် ပယ်စွန့်နိုင်ရန် အဋ္ဌင်္ဂိကအရိယာမဂ်ကို ပွားများရမည်ဟု ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၃၁၁။ သံ၊မြန်၊၁၊၂၉၈-၉။ သံ၊ဋ္ဌ၊၁၊၇၅-၇။ သံ၊ဋီ၊၂၊၉၆။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၁-နိဒါနသံယုတ္တ၊ ၆-ဒုက္ခဝဂ္ဂ၊ ဒုတိယသုတ်။
  2. -သံ၊၃၊၅၅။ သံ၊မြန်၊၃၊၅၉။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁-မဂ္ဂသံယုတ္တ၊ ၈-ဩဃဝဂ္ဂ၊ တတိယသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ