ဥပါဒါနပရိပဝတ္တသုတ်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
[၁] ဥပါဒါနက္ခန္ဓာငါးပါးနှင့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို သစ္စာလေးပါးဖြင့် တစ်ပါးစီ တစ်ပါးစီ ပြန်လှန်၍ မသိသေးသမျှ ဩကာသလောက, သတ္တလောက၌ သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိပြီ-ဟု ဝန်ခံတော်မမူခဲ့ပုံ၊ အမှန်အတိုင်း ထိုးထွင်း၍ သိတော် မူသည့်အခါ သဗ္ဗညုတဉာဏ်ကို ထိုးထွင်း၍ သိပြီ-ဟု ဝန်ခံတော်မူပုံ၊ ယင်းဥပါဒါနက္ခန္ဓာငါးပါးတို့၌ သစ္စာလေးပါးဖြင့် သိမြင်ခြင်းကြောင့် ငြီးငွေ့ခြင်း, တပ်မက်မှုကင်းခြင်း, ချုပ်ငြိမ်းခြင်းငှာကျင့်သော သမဏ, ဗြာဟ္မဏတို့သာ သုပ္ပဋိပန္နဖြစ်ကြပုံ၊ ဤ ဓမ္မဝိနယသာသနာတော်၌ ထောက်တည်ရာ ရကြပုံ၊ ဥပါဒါနက္ခန္ဓာငါးပါးတို့၌ သစ္စာလေးပါးတို့ဖြင့်သိ၍ ငြီးငွေ့ခြင်း, စွဲမက်မှုမရှိခြင်း, ချုပ်ငြိမ်းခြင်းကြောင့် စွဲလမ်းမှုမရှိတော့ပဲ ကိလေသာတို့မှ လွတ်မြောက်သူတို့သည်သာ ကိစ္စအားလုံးပြီးစီးပုံ, ဝဋ်ဆင်းရဲ မရှိတော့ပုံကို ခန္ဓာတစ်ပါးစီ အကျယ်ဝေဖန်၍ ဟောတော်မူသည့်သုတ်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ -သံ၊၂၊၄၈-၅၀။ သံ၊မြန်၊၂၊၄၆-၉။ သံ၊ဋ္ဌ၊၂၊၂၅၄-၅။ သံ၊ဋီ၊၂၊၂၂၅။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ (၆)၁-ဥပယဝဂ္ဂ၊ စတုတ္ထသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ