ဥပတိဿသုတ်

ဝီကီပီးဒီးယား မှ

[၁] အရှင်သာရိပုတ္တရာထေရ်က “မိမိအား တစုံတခုသော သတ္တဝါ, သင်္ခါရ ဖောက်ပြန်ပျက်စီးခြင်း, တမျိုးတဖုံပြောင်းလဲ၍ ဖြစ်သောကြောင့် သောက, ပရိဒေဝ, ဒုက္ခ ဒေါမနဿ, ဥပါယာသတို့ နည်းနည်းမှမရှိတော့ပုံ”ကို ရဟန်းတို့အား မိန့်ကြားတော်မူရာ အရှင်အာနန္ဒာ၏ မေးလျှောက်ချက်အရ ဘုရားရှင် ဖောက်ပြန်ပျက်စီး တမျိုးတဖုံပြောင်းလဲဖြစ်သော်လည်း မိမိမှာသောကစသည် မဖြစ်တော့ပုံ၊ ငါ့ရှင်တို့ ဘုန်းတော်ကြီးတော်မူသော တန်ခိုးအာနုဘော်ကြီးမားတော်မူသော ဘုရားရှင်သော်မှလည်း လွန်တော်မူရချေသေး၏၊ ဘုရားမြတ်စွာ ကြာမြင့်စွာ ဤလောက၌တည်ရှိတော် မူပါမူ လူအပေါင်း၏ စီးပွားချမ်းသာကိုပြုခြင်းငှာ သတ္တလောကကို သနားစောင့်ရှောက် ချီးမြှောက်တော်မူခြင်းငှာ နတ်လူတို့၏ စီးပွားချမ်းသာကိုပြုခြင်းငှာ ဖြစ်ရာ၏-ဟုသာ စိတ်အကြံအစီဖြစ်ရာ၏ဟု မိန့်တော်မူသဖြင့် အရှင်အာနန္ဒာက “အရှင်သာရိပုတ္တရာသည် ကြာမြင့်စွာသောညဉ့်နေ့ပတ်လုံး ငါဟုပြုတတ်သော ဒိဋ္ဌိ, ငါ့ဟာ ငါ့ဥစ္စာဟု ပြုတတ်သော တဏှာ, ကိန်းဝပ်နေသောမာနတို့ကို အကြွင်းမဲ့နှုတ်ပယ်ပြီးဖြစ်သောကြောင့်သာ သောကစသည်တို့ မဖြစ်ပါကုန်”ဟု လျှောက်ထားသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၄၆၃။ သံ၊မြန်၊၁၊၄၅၂။ သံ၊ဋ္ဌ၊၂၊၂၁၄။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၁၀-ဘိက္ခုသံယုတ္တ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ