အဿာဒပရိယေသနသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] အဇ္ဈတ္တိကာယတန ၆-ပါးတို့တွင် တစ်ပါးစီ တစ်ပါးစီ၏ အဿာဒ၊ အာဒီနဝ၊ နိဿရဏတို့ကို ရှာမှီးကြောင်းအကျင့်ကို ကျင့်သုံးခဲ့ပြီ၊ သိခဲ့ပြီ၊ ယင်းတို့ရှိသလောက်ကိုလည်း ပညာဖြင့် ကျကျနနသိမြင်တော်မူခဲ့ပြီ၊ အဇ္ဈတ္တိကာယတနတို့၏ အဿာဒကို အဿာဒအားဖြင့်။ အာဒီနဝကို အာဒီနဝအားဖြင့်။ နိဿရဏကို နိဿရဏအားဖြင့် အမှန်အတိုင်း သိမြင်တော်မမူသေးသမျှ လောက၌ ဘုရားဖြစ်ပြီဟု ဝန်ခံတော်မမူခဲ့။ အမှန်အတိုင်း သိတော်မူသည့်အခါမှသာ ဘုရားဖြစ်ပြီဟု ဝန်ခံတော်မူခဲ့ပြီ-အစရှိသည်ဖြင့် ဟောတော်မူသည့်သုတ်။


[၂] အထက်သုတ်ဒေသနာတော်နည်းအတိုင်း ဗဟိဒ္ဓါယတန ၆-ပါးတို့၏ အဿာဒ, အာဒီနဝ, နိဿရဏတို့ကို အကျယ်ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၂၄၂။ သံ၊မြန်၊၂၊၂၃၄-၅။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ ၂-ယမကဝဂ္ဂ၊ တတိယသုတ်။
  2. -သံ၊၂၊၂၄၃-၄။ သံ၊မြန်၊၂၊၂၃၅။ -သံယုတ္တနိကာယ၊ ... စတုတ္ထသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ