အာယုသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ လူတို့အသက်တိုပုံ၊ တမလွန်ဘဝသို့ သွားရောက်ရပုံ၊ ကုသိုလ်ပြုသင့်ပုံ၊ ဗြဟ္မစရိယကို ကျင့်သင့်ပုံ၊ မသေသောသူ မရှိပုံ၊ အသက်အရှည်ဆုံးသူသည် အနှစ်တစ်ရာ၊ တစ်ရာကျော်ကျော်သာ အသက်ရှည်ပုံအစရှိသည်တို့ကို ဘုရားရှင်က ရဟန်းတော်တို့အား ဟောတော်မူပါသည်။ မာရ်နတ်က လူတို့အသက်ရှည်ပုံကို ဘုရားရှင်အား လျှောက်ထားရာ ဘုရားရှင်က ဦးခေါင်း မီးလောင်နေသောသူကဲ့သို့ သုစရိုက်တရားများကိုကျင့်သင့်ပုံ အစရှိ သည်တို့ကို ရဟန်းတော်တို့အား ဟောတော်မူသည့်သုတ်။


[၂] အထက်သုတ်တော်အတိုင်း ဘုရားရှင်က ရဟန်းတော်တို့အား ဟောတော်မူသည့်အခါ မာရ်နတ်က ဘုရားရှင်အား “သတ္တဝါတို့ အသက်မချုပ်ပုံ”ကို ရထားဘီး နှင့် ပုံတောင်းဥပမာဖြင့် လျှောက်ထားရာ မြစ်ငယ်ရေဥပမာဖြင့် ပြန်လည်၍ ဟောကြားတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၁၀၉။ သံ၊မြန်၊၁၊၁၀၆။ သံ၊ဋ္ဌ၊၁၊၁၆၁။ သံ၊ဋီ၊၁၊၂၀၈။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၄-မာရသံယုတ္တ၊ ပဌမဝဂ္ဂ၊ နဝမသုတ်။
  2. -သံ၊၁၊၁၁၀။ သံ၊မြန်၊၁၊၁၀၆။ သံ၊ဋ္ဌ၊၁၊၁၆၁။ သံ၊ဋီ၊၁၊၂၀၈။ -သံယုတ္တနိကာယ၊ ... ဒသမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ