အာပဏသုတ်

ဝီကီပီးဒီးယား မှ

[၁] အင်္ဂတိုင်း အာပဏနိဂုံး၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်က အရှင်သာရိပုတ္တရာအား ဗုဒ္ဓမြတ်စွာအပေါ်၌ အလွန်အကဲကြည်ညိုပြီးသော အရိယာသာဝကသည် ဘုရားရှင်၌ဖြစ်စေ, ဘုရားရှင်၏သာသနာတော်၌ဖြစ်စေ ယုံမှားမှု မဝေခွဲနိုင်မှု မဖြစ်တော့ရာ-ဟု မိန့်တော်မူပါသည်၊ ထိုအခါ အရှင်သာရိပုတ္တရာထေရ်က “ဘုရားရှင် မိန့်တော်မူသည့်အတိုင်း ယုံမှားသံသယမဖြစ်ခြင်းမှာ သဒ္ဓါတရားရှိသော အရိယာသာဝကအား ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေ၊ သဒ္ဓိန္ဒြေတို့ဖြစ်သောကြောင့် မဖြစ်ခြင်းဖြစ်ပါသည်-ဟု လျှောက်ထားပါသည်။ ဘုရားရှင်က သာဓုခေါ်တော်မူပြီး အရှင်သာရိပုတ္တရာ၏လျှောက်ထားချက်အတိုင်း ပြန်လည်၍ ဣန္ဒြေ ငါးပါးဖြစ်ပုံကို ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -သမ္ပယုတ္တသဒ္ဓါ၊ ပစ္စက္ခသဒ္ဓါနှစ်ပါးကို ဖွင့်ဆိုထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၁၉၇-၉။ သံ၊မြန်၊၃၊၂၀၃-၅။ သံ၊ဋ္ဌ၊၃၊၂၇၉။ သံ၊ဋီ၊၂၊၅၀၀-၁။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၄-ဣန္ဒြိယသံယုတ္တ၊ ၅-ဇရာဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ