အာဒိတ္တသုတ်

ဝီကီပီးဒီးယား မှ

(၃)သုတ်ရှိပါသည်။

[၁] ဇရာ, မရဏမီးတို့ ငြီးငြီး ပြောင်ပြောင် တောက်လောင်နေသည့်လောကအတွင်းမှ ဒါနပြုခြင်းဖြင့် ပစ္စည်းဥစ္စာများကို ထုတ်ယူသင့်ပုံ၊ ပေးလှူအပ်သောပစ္စည်းနှင့် မပေးမလှူသောပစ္စည်းများ ခြားနားပုံ၊ ပစ္စည်းဥစ္စာများ ပျက်စီးနိုင်ပုံ၊ ဒါနကြောင့် နတ်ပြည်သို့ရောက်နိုင်ပုံ အစရှိသည်ကို အညတရနတ်သားက ဘုရားရှင်အား လျှောက်ထားသည့်သုတ်။


[၂] ခန္ဓာငါးပါးတို့တွင် တစ်ပါးစီ တစ်ပါးစီ၌ တစ်ဆဲ့ တစ်ပါးသောမီးတို့ တောက်လောင်နေပုံကို သိမြင်သော အကြားအမြင်ရှိသောအရိယာသာဝကသည် ခန္ဓာငါးပါး၌ ငြီးငွေ့ စိတ်ပျက်ပုံ၊ အာသဝေါကင်းကွာ ရဟန္တာဖြစ်သွားနိုင်ပုံကို ဟောတော်မူသည့်သုတ်။


[၃] အာယတန ၁၂-ပါး၊ ဝိညာဉ် ၇-ပါး၊ ဖဿ ၆-ပါး၊ ဝေဒနာ ၃-ပါးစီတို့ကို ရာဂ အစရှိသော မီး ၁၁-ပါးတို့လောင်မြိုက်နေပုံကို သိသော သုတဝန္တအရိယာသာဝကသည် ယင်းတရားတို့၌ နိဗ္ဗိန္ဒစသည်ဖြစ်ပုံ၊ အာသဝတရားတို့မှ လွတ်မြောက်ပုံကို ဂယာရွာအနီး ဂယာသီသကျောက်ဖျာ၌ ဘုရားရှင်က ဥရုဝေလကဿပ-အမှူးရှိသော ရဟန်းတော် တစ်ထောင်တို့အား ရဟန္တာဖြစ်သည်အထိ ဟောတော်မူသည့်သုတ်။

ပါဠိတော်၌ -ရာဂအစရှိသော မီး ၁၁-ပါးသရုပ်ကို ဟောတော်မူပါသည်။

အဋ္ဌကထာ၌ -ဂယာရွာ၊ ဂယာနဒီ၊ ဂယာပေါက္ခရဏီ၊ ဂယာသီသကျောက် ဖျာနှင့် ဥရုဝေလကဿပညီနောင်တို့ ပါရမီဖြည့်ခဲ့ပုံဝတ္ထုအပြည့်အစုံကို ဖွင့်ပြထားပါသည်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၂၈-၉။ သံ၊မြန်၊၁၊၂၈။ သံ၊ဋ္ဌ၊၁၊၇၇-၈။ သံ၊ဋီ၊၁၊၁၁၈။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၅-အာဒိတ္တဝဂ္ဂ၊ ပဌမသုတ်။
  2. -သံ၊၂၊၅၈-၉။ သံ၊မြန်၊၂၊၅၆-၇။ သံ၊ဋ္ဌ၊၂၊၂၅၇။ သံ၊ဋီ၊၂၊၂၂၇။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ (၆) ၁-ဥပယဝဂ္ဂ၊ နဝမသုတ်။
  3. -သံ၊၂၊၂၅၁-၂။ သံ၊မြန်၊၂၊၂၄၂-၃။ သံ၊ဋ္ဌ၊၃၊၆-၁၀။ သံ၊ဋီ၊၂၊၂၈၈။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ ၃-သဗ္ဗဝဂ္ဂ၊ ဆဋ္ဌသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ