အရဏသုတ်

ဝီကီပီးဒီးယား မှ

-ဤလောက၌ ငိုကြွေးရကြောင်း ကိလေသာကင်းသူများသည် (ရဟန္တာ) ရဟန်းတော် များဖြစ်သည်။

-ကိလေသာအပူမီးငြိမ်းအေးပြီးသော ရဟန္တာ ရဟန်းတော်တို့၏ အရိယမဂ္ဂအကျင့်မြတ်သည် မပျက်မစီးတော့ပေ။

-ရဟန္တာ ရဟန်းတော်တို့သည် အလိုရမ္မက်တဏှာကို ကလျာဏပုထုဇဉ်အဖြစ်မှ အစပြု၍ လောကီ လောကုတ္တရာပညာဖြင့် ပိုင်းခြား၍ သိကြပြီး ဖြစ်ကုန်၏။

-ရဟန္တာ ရဟန်းတော်တို့သည် အခါခပ်သိမ်း တဏှာကျွန်ဘဝမှ လွတ်မြောက်ပြီး ဖြစ်ကုန်၏။

-သီလ၌ တည်သောရဟန်းကို အမိအဖအစ်ကိုတို့သည် ရှိခိုးကြကုန်၏။

-ဤသာသနာတော်၌ အမျိုးဇာတ်အားဖြင့် ယုတ်ညံ့သောရဟန်းကို မင်းတို့သည် ရှိခိုးကြကုန်၏-ဟု အညတရနတ်သား၏ မေးခွန်းများကို ဘုရားရှင်ဖြေကြား၍ ဟောတော်မူသည့်သုတ်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၄၂။ သံ၊မြန်၊၁၊၄၁-၂။ သံ၊ဋ္ဌ၊၁၊၉၅။ သံ၊ဋီ၊၁၊၁၄၁။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၈-သေတ္တာဝဂ္ဂ၊ ဧကာဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ