အဘိနိဝေသသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[၁] ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ဟူသော ခန္ဓာတစ်ပါးစီ တစ်ပါးစီ၌ မှားမှားယွင်းယွင်း နှလုံးသွင်းမိခြင်းကြောင့် အနှောင်အဖွဲ့သံယောဇဉ်, မှားမှား ယွင်းယွင်း နှလုံးသွင်းမှု “အဘိနိဝေသ”, ပိတ်ပင်တားမြစ်မှု “ဝိနိဗန္ဓ” တရားတို့ဖြစ်ပေါ်လာကုန်၏ဟု မိန့်တော်မူပြီး အနတ္တလက္ခဏသုတ် ဒေသနာတော်နည်းဖြင့် ဆက်လက်၍ ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၂] ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးရှိလျှင် ယင်းခန္ဓာကို အကြောင်းပြု၍ ယင်းခန္ဓာကို မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းကြောင့် အနှောင်အဖွဲ့ ‘သံယောဇဉ်” နှလုံးသွင်း မှားမှု “အဘိနိဝေသ”, ပိတ်ပင်တားမြစ်ကြောင်း “ဝိနိဗန္ဓ” တဏှာဖြင့် သက်ဝင်မျိုသိပ် ပြီးဆုံးစေမှု ‘အဇ္ဈောသာန” တရားတို့ဖြစ်ကုန်၏-ဟု ခန္ဓာတစ်ပါးစီ တစ်ပါးစီခွဲစိတ်၍ ဟောတော်မူပြီး အနတ္တလက္ခဏသုတ်တော်နည်းအတိုင်း ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၁၅၂။ သံ၊မြန်၊၂၊၁၄၃-၄။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ (၁၅) ၅-ဒိဋ္ဌိဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. -သံ၊၂၊၁၅၂။ သံ၊မြန်၊၂၊၁၄၄။ -သံယုတ္တနိကာယ ... နဝမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ