အဘိနန္ဒသုတ်

ဝီကီပီးဒီးယား မှ

(၃)သုတ် ရှိပါသည်။

[၁] ပထဝီ, အာပေါ, တေဇော, ဝါယောတို့တွင် တစ်ပါးပါးကို လွန်စွာနှစ်သက် သူသည် ဆင်းရဲဒုက္ခကို နှစ်သက်သူမည်၏။ ဆင်းရဲဒုက္ခကို နှစ်သက်သောသူသည် ဆင်းရဲဒုက္ခမှ မလွတ်မြောက်နိုင် အစရှိသည်ဖြင့် သုက္ကပက္ခ, ကဏှပက္ခနှစ်မျိုးခွဲ၍ ဟောတော်မူသည့်သုတ်။


[၂] စက္ခုကို လွန်လွန်ကဲကဲ နှစ်သက်သူသည် ဒုက္ခကို လွန်လွန်ကဲကဲ နှစ်သက်သူ မည်၏။ ထိုသူသည် ဆင်းရဲဒုက္ခမှ မလွတ်မြောက်နိုင်သူဟု ငါဘုရား ဟောကြားတော်မူ၏။ စက္ခုကို လွန်လွန်ကဲကဲ မနှစ်သက်သူသည် ဒုက္ခကို လွန်လွန်ကဲကဲ မနှစ်သက်၊ ထိုသူသည် ဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်သူပေတည်း-ဟု ငါဘုရား ဟောတော်မူ၏ အစရှိသည်ဖြင့် အဇ္ဈတ္တိကာယတန ၆-ပါးတို့ကို ကဏှပက္ခ, သုက္ကပက္ခဒေသနာတော်ဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၃] ဗဟိဒ္ဓါယတန ၆-ပါးကို အထက်သုတ် ဒေသနာတော်အတိုင်း ကဏှပက္ခ, သုက္ကပက္ခဒေသနာတော်ဖြင့် ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၃၈၃-၄။ သံ၊မြန်၊၁၊၃၇၁။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၃-ဓာတုသံယုတ္တ၊ ၄-စတုတ္ထဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. -သံ၊၂၊၂၄၆။ သံ၊မြန်၊၂၊၂၃၇-၈။ သံ၊ဋ္ဌ၊၃၊၄။ သံ၊ဋီ၊၂၊၂၈၄ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ သဠာယတနသံယုတ္တ၊ ၂-ယမကဝဂ္ဂ၊ သတ္တမသုတ်။
  3. -သံ၊၂၊၂၄၆။ သံ၊မြန်၊၂၊၂၃၈။ -သံယုတ္တနိကာယ၊ ... အဋ္ဌမသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ