အပ္ပဋိဝိဒိတသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် ကောသလနိုင်ငံ၊ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် -သစ္စာလေးပါးကို ဉာဏ်ဖြင့် မသိမြင်၊ မိစ္ဆာအယူကိုယူပြီး အိပ်ပျော်သကဲ့သို့ ဖြစ်နေသော သူတို့သည် နိုးကြားဖို့ရန် အချိန်တန်ပြီ-ဟု အညတရနတ်သား တစ်ယောက်လျှောက်ထားသည်ကို -သစ္စာလေးအင် သိမြင်ကြပြီး, မိစ္ဆာအယူကို မယူသောသူတို့သည် အစဉ်နိုးကြားကြကုန်လျက် သင့်လျော်သောအကြောင်းဖြင့် သိကြ၍ မညီမညွတ်သောလောက၌ အညီအညွတ် ကျင့်ကြကုန်၏-ဟု ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -ကိလေသာအိပ်ပျော်ခြင်းမှ နိုးထနိုင်သည့်ကာလ၊ ဗုဒ္ဓလေးမျိုး အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။

ဋီကာ၌လည်း -သိသင့်သိထိုက်သည်များကို ဖွင့်ပြထားပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၄။ သံ၊မြန်၊၁၊၄။ သံ၊ဋ္ဌ၊၁၊၂၄။ သံ၊ဋီ၊၁၊၆၉။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ဒေဝတာသံယုတ္တ၊ ၁-နဠဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ