အန္နသုတ်
ပုံပန်းသွင်ပြင်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
ကုသိုလ်ကောင်းမှုသည် ယုံယုံကြည်ကြည် ကြည်လင်သောစိတ်ဖြင့် နတ်လူတို့ တောင့်တသည့်ထမင်းကို ပေးလှူသူသို့သာလျှင် ပစ္စုပ္ပန် တမလွန်နှစ်တန်သော လောက၌ စိတ္တသူကြွယ်၊ သီဝလိထေရ်တို့ကဲ့သို့ အစဉ်လိုက် (သကဲ့သို့ဖြစ်)၏။ ထို့ကြောင့် မပေးရက် မလှူလို နှမြောဝန်တိုမှု “မစ္ဆရိယ”ကို ပယ်ဖျောက်လျက်၊ မစ္ဆရိယကို လွှမ်းမိုးနှိပ် နင်းလျက် အလှူပေးရမည်၊ ကုသိုလ်ကောင်းမှုတို့သည် တမလွန်လောက၌ သတ္တဝါတို့၏ ထောက်ရာတည်ရာတို့ ဖြစ်ကုန်၏-ဟု နတ်သားတစ်ယောက် လျှောက်ထားသဖြင့် ဘုရားရှင် ဟောတော်မူသည့်သုတ်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ -သံ၊၁၊၂၉-၃၀။ သံ၊မြန်၊၁၊၂၉။ သံ၊ဋ္ဌ၊၁၊၇၉။ သံ၊ဋီ၊၁၊၁၂၀။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၅-အာဒိတ္တဝဂ္ဂ၊ တတိယသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ