အနိစ္စသညာသုတ်

ဝီကီပီးဒီးယား မှ

[၁] မမြဲ မမြဲဟူသော အမှတ် “အနိစ္စသညာ”ကို ပွားများအပ်, ကြိမ်ဖန်များစွာ အလေ့ အလာပြုအပ်သည်ရှိသော် ကာမဂုဏ်၌ စွဲမက်မှု ကာမရာဂအားလုံး၊ ရုပ်၌ စွဲမက်မှု ရူပရာဂအားလုံး၊ ဘဝ၌ စွဲမက်မှု ဘဝရာဂအားလုံးကို ကုန်ခမ်းစေနိုင်၏။ ငါဟူသော မာန် (၉) ပါးတို့ကို ပယ်နိုင်၏-ဟု သရဒသမယ၌ လယ်ထွန်သော ဥပမာ၊ ဖြူးဆံမြက်ရိတ်သော ဥပမာ၊ သရက်သီးခိုင် ဥပမာ၊ အိမ်၏အထွတ် ဥပမာ၊ အကျော်နံ့သာ ဥပမာ၊ စန္ဒကူးနီ ဥပမာ၊ မိုးစွေ (မြတ်လေး)ပန်း ဥပမာ၊ စကြာမင်း ဥပမာ၊ လဗိမာန် ဥပမာ၊ နေဗိမာန် ဥပမာ-ဟူသော ဥပမာဆယ်မျိုးတို့ဖြင့် တန်ဆာဆင်၍ ဟောတော်မူသည်။

ခန္ဓာငါးပါး၊ ခန္ဓာငါးပါးဖြစ်ကြောင်း၊ ခန္ဓာငါးပါး၏ ချုပ်ငြိမ်းရာကို ခွဲစိတ်သိမြင်အောင် ပွားများရမည်။ ဤသို့ အနိစ္စသညာကို ပွားများသည်ရှိသော် ကာမရာဂအားလုံး၊ ရူပရာဂအားလုံး၊ ဘဝရာဂအားလုံး၊ အဝိဇ္ဇာအားလုံးကို ကုန်ခမ်းစေပြီး၊ ငါဟူသော မာန (၉) ပါးကို အမြစ်ပြတ်ပယ်နုတ်နိုင်၏-ဟု ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၁၂၆-၈။ သံ၊မြန်၊၂၊၁၁၇-၉။ သံ၊ဋ္ဌ၊၂၊၃၀၃-၄။ သံ၊ဋီ၊၂၊၂၅၅-၆။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ (၁၀)၅-ပုပ္ပဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ