အနာထပိဏ္ဍိကသုတ်

ဝီကီပီးဒီးယား မှ

(၃)သုတ် ရှိပါသည်။

[၁] အနာထပိဏ္ဍိကနတ်သားက ဘုရားရှင်အား ဇေတဝန်ကျောင်းတော်ကြီး၌ သံဃာတော်များနှင့် ဘုရားရှင်တို့ သီတင်းသုံးနေတော်မူသည်။ မိမိ၏ပီတိ ပွားများ ရာဖြစ်ပုံ၊ သတ္တဝါတို့ စင်ကြယ် ကြောင်းတရားငါးပါး၊ ပညာရှိအမျိုးကောင်းသား၏ အရိယာမဂ်တရားတို့၌ စင်ကြယ် ကြောင်းအကျင့်၊ အရှင်သာရိပုတ္တရာ၏ ရဟန်တော် အားလုံးထက် သီလ, ပညာ (ကိလေသာ ငြိမ်းအေးမှု) ဥပသမဂုဏ်အားဖြင့် မြင့်မြတ်ပုံတို့ကို ဂါထာလေးဂါထာဖြင့် လျှောက်ထားပုံ၊ ဘုရားရှင်က ရဟန်းတော်တို့အား ပြန်လည် မိန့်ကြားတော်မူပုံ၊ အရှင်အာနန္ဒာ၏ အနုမာနဉာဏ်စွမ်းအင်တို့ကို ဟောပြရာသုတ်။


[၂] မကျန်းမမာဖြစ်နေသော အနာထပိဏ်သူဌေး၏ ပင့်လျှောက်ချက်အရ အရှင်သာရိပုတ္တရာသည် အရှင်အာနန္ဒာနှင့် အနာထပိဏ်သူဌေးအိမ်သို့ ကြွရောက်၍ ကျန်းမာရေးသတင်းမေးပါသည်။ အနာထပိဏ်သူဌေးက “မိမိ မကျန်းမမာဖြစ်နေပါကြောင်း၊ ဝေဒနာများ တိုးပွားနေပါကြောင်း” လျှောက်ထားပါသည်။

အရှင်သာရိပုတ္တရာက “ကျောင်းဒါယကာ ရတနာသုံးပါးကို မကြည်ညိုသူ သီလမရှိသူ, မိစ္ဆာဒိဋ္ဌိ, မိစ္ဆာသင်္ကပ္ပ, မိစ္ဆာဝါစာ, မိစ္ဆာကမ္မန္တ မိစ္ဆာအာဇီဝ, မိစ္ဆာဝါယာမ မိစ္ဆာသတိ, မိစ္ဆာသမာဓိ, မိစ္ဆာဉာဏ, မိစ္ဆာဝိမုတ္တိ-တို့နှင့် ပြည့်စုံသောသူသည် ကွယ်လွန် ပြီးနောက် အပါယ်လေးပါးသို့ ကျရောက်ရမည်။ ယင်းတရားတို့သည် သင့်မှာမရှိ၊ သင်သည် ရတနာသုံးပါးကို ကြည်ညိုသည့် သဒ္ဓါ, အရိယကန္တသီလနှင့် ပြည့်စုံမှု၊ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ သမ္မာသမာဓိ, သမ္မာဉာဏ, သမ္မာဝိမုတ္တိ-တို့နှင့် ပြည်စုံမှုကို အကြိမ်ကြိမ် အဖန်ဖန် ရှုမြင်သည်ရှိသော် သင်၏ ဝေဒနာတို့သည် တခဏချင်း ပျောက်ကင်းပေလိမ့်မည်ဟု တစ်ပါးစီ တစ်ပါးစီ ခွဲစိတ်၍ ဟောကြားတော်မူပါသည်။ အနာထပိဏ် သူဌေးလည်း ထိုနည်းအတိုင်း ရှုမှတ်သည်ရှိသော် အနာထပိဏ်သူဌေး၏ သန္တာန်၌ ဖြစ်ပေါ်နေသော ဝေဒနာတို့သည် တခဏချင်း ပျောက်ကင်းကုန်၏။

အနာထပိဏ်သူဌေးသည် မိမိအတွက်ချက်ပြုတ်ထားသော ဆွမ်းအုပ်ဖြင့် အရှင်နှစ်ပါးအား ဆွမ်းဆက်ကပ်ပါသည်။ ဆွမ်းဘုဉ်းပေးအပြီး အရှင်သာရိပုတ္တရာက “သဒ္ဓါ, သီလ, ပသာဒ, ဓမ္မဒဿနတရားလေးပါးနှင့် ပြည့်စုံသူသည် “အဒလိဒ္ဒ” = လူချမ်းသာမည်ပုံ၊ အသက်ရှင်ရကျိုးနပ်ပုံ၊ ဤတရားလေးပါနှင့် ပြည့်စုံအောင် အားထုတ်သင့်ပုံ”တို့ကို အနုမောဒနာ ဒေသနာအဖြစ် ဟောတော်မူပါသည်။

အဋ္ဌကထာ၌ -မိစ္ဆာဉာဏနှင့် မိစ္ဆာဝိမုတ္တိတို့ကိုလည်းကောင်း၊

ဋီကာ၌ -မိစ္ဆာပစ္စဝေက္ခဏာနှင့် မိစ္ဆာဝိမုတ္တိတို့ကိုလည်းကောင်း ဖွင့်ပြ ထားပါသည်။


[၃] အနာထပိဏ်သူဌေးက မိမိမကျန်းမမာဖြစ်နေပါကြောင်း, မိမိထံသို့ ကြွတော် မူပါရန် လျှောက်ထားသဖြင့် အရှင်အာနန္ဒာမထေရ်သည် အနာထပိဏ်သူဌေးအိမ်သို့ ကြွတော်မူပြီး “ဒါယကာသူဌေး ရတနာသုံးပါး၌ မကြည်ညိုခြင်း, သီလမရှိခြင်းဟူသော တရာလေးပါးနှင့် ပြည့်စုံသော အကြားအမြင်မရှိသော ပုထုဇဉ်ပုဂ္ဂိုလ်သည် ထိတ်လန့် တုန်လှုပ်မှု, သေရမည်ကိုကြောက်လန့်မှုဖြစ်၏။ ရတနာသုံးပါးကြည်ညိုခြင်း, သီလရှိခြင်း ဟူသော တရာလေးပါးနှင့် ပြည့်စုံသော အကြားအမြင်ရှိသော အရိယာသာဝကသည် ထိတ်လန့်တုန်လှုပ်မှုမှ သေရမည်ကိုကြောက်လန့်မှု မဖြစ်ဟု တစ်ပါးစီ တစ်ပါးစီ ဟောတော်မူပါသည်။

အနာထပိဏ်သူဌေးက ဒေသနာတော်အဆုံး၌ မိမိသေရမည်ကို မကြောက်ပုံနှင့် ထိုတရားလေးပါး မိမိ၌ ရှိနေပုံကို လျှောက်ထားပါးသည်။ အရှင်အာနန္ဒာက “လူဘဝ အရတော်ပုံ၊ သောတာပန် အရိယာသာဝက ဖြစ်ပုံကို ဖြေကြားပေ၏” ဟု မိန်တော်မူသည့်သုတ်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၅၃-၄။ သံ၊မြန်၊၁၊၅၂-၄။ သံ၊ဋ္ဌ၊၁၊၁၀၅။ သံ၊ဋီ၊၁၊၁၅၅။ (မ၊၃၊၁၀၆-၇။ မ၊မြန်၊၃၊၃၁၀-၃၁၁။ မ၊ဋ္ဌ၊၄၊၂၃၁-၂။) -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၂-ဒေဝပုတ္တသံယုတ္တ၊ ၂-အနာထပိဏ္ဍိကဝဂ္ဂ၊ ဒသမသုတ်။
  2. -သံ၊၃၊၃၃၂-၆။ သံ၊မြန်၊၃၊၃၃၅-၉။ သံ၊ဋ္ဌ၊၃၊၃၁၉။ သံ၊ဋီ၊၂၊၅၃၄။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၁-သောတာပတ္တိသံယုတ္တ၊ ၃-သရဏာနိဝဂ္ဂ၊ ဆဋ္ဌသုတ်။
  3. -သံ၊၃၊၃၃၆-၈။ သံ၊မြန်၊၃၊၃၃၉-၃၄၁။ သံ၊ဋ္ဌ၊၃၊၃၁၉။ သံ၊ဋီ၊၂၊၅၃၅။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၁-သောတာပတ္တိသံယုတ္တ၊ ၃-သရဏာနိဝဂ္ဂ၊ သတ္တမသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ