အနန္တဝါသုတ်

ဝီကီပီးဒီးယား မှ

[၁] ခန္ဓာငါးပါးကို စွဲ၍ ခန္ဓာငါးပါးကို နှလုံးသွင်းမှားသောသူအား “ဤလောကသည် အဆုံးမရှိ” ဟု အယူမှားဖြစ်သည်။ အနိစ္စ, ဒုက္ခ, ဝိပရိဏာမဓမ္မဖြစ်သော ခန္ဓာငါးပါးကို (တဏှာ, ဒိဋ္ဌိတို့ဖြင့်) မစွဲလမ်းသော ပုဂ္ဂိုလ်အား “လောကသည် အဆုံးမရှိ” ဟူသော အယူမှားမဖြစ်ပုံ၊ ဤခန္ဓာငါးပါး, သစ္စာလေးပါးတို့၌ ယုံမှားတွေးတောမှု “ကင်္ခါ” ကိုပယ်ပြီးသောသူသည် သောတာပန်အရိယာသာဝက ဖြစ်ပုံကို ဟောကြားတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၁၇၆။ သံ၊မြန်၊၂၊၁၆၇။ သံ၊ဋ္ဌ၊၂၊၃၁၆။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၃-ဒိဋ္ဌိသံယုတ္တ၊ ၁-သောတာပတ္တိဝဂ္ဂ၊ ဒွါဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ