အတ္ထိရာဂသုတ်

ဝီကီပီးဒီးယား မှ

[၁] ကဗဠီကာရာဟာရ, ဖဿာဟာရ, ဝိညာဏာဟာရ, မနောသဉ္စေတနာဟာရ ဟူသော အာဟာရတို့သည် ဖြစ်ပြီးသတ္တဝါတို့၏ တည်ခြင်းငှာ၊ ဖြစ်ဆဲသတ္တဝါတို့ကို ချီးမြှောက်ထောက်ပံ့ခြင်းငှာ ဆောင်တတ်သော သဘောတရားလေးမျိုးတို့ဖြစ်ကြောင်း၊ ထိုအာဟာရလေးမျိုးတို့တွင် တစ်မျိုးမျိုး၌ တပ်စွန်းမှု “ရာဂ” နှစ်သက်မှု “နန္ဒီ” တက်မက်မှု “တဏှာ”တို့ ရှိနေလျှင် စိုးရိမ်ပူဆွေးမှု, ပြင်းစွာပင်ပန်းမှုများရှိပုံ၊ ရာဂ, နန္ဒီ, တဏှာတို့ မရှိလျှင် စိုးရိမ်ပူဆွေးမှု ပြင်းစွာပင်ပန်းမှု မရှိတော့ပုံကို အကျယ်ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၃၂၅-၇။ သံ၊မြန်၊၁၊၃၁၁-၄။ သံ၊ဋ္ဌ၊၂၊၁၀၅-၆။ သံ၊ဋီ၊၂၊၁၁၅-၆။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၁-နိဒါနသံယုတ္တ၊ ၇-မဟာဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ