အတ္တရက္ခိတသုတ်

ဝီကီပီးဒီးယား မှ

[၁] ဒုစရိုက်ဆယ်ပါး ပြုကျင့်နေသူများသည် ဆင်တပ်, မြင်းတပ်, ရထားတပ်, ခြေလျင် စစ်တပ်-ဟူသော ပြင်ပ အစောင့်အရှောက်များဖြင့် လုံခြုံအောင် စောင့်ရှောက် အပ်သော်လည်း မိမိကိုယ်ကို စောင့်ရှောက်ရာမရောက်ပုံ၊ သုစရိုက်ဆယ်ပါး ပြုကျင့် နေသူ များသည် ဆင်တပ်, မြင်းတပ်, ရထားတပ်, ခြေလျင်တပ်-ဟူသော ပြင်ပ အစောင့်ရှောက်များဖြင့် မချထား၊ မစောင့်ရှောက်အပ်ငြားသော်လည်း မိမိကိုယ်ကို စောင့်ရှောက် သူများဖြစ်ပုံကို ကောသလဘုရင်က လျှောက်ထားသဖြင့် ဘုရားရှင်က “ဟုတ်ပါ ပေသည် ဒကာတော်မင်းမြတ်” အစရှိသဖြင့် အတည်ပြု ဟောကြားတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၇၂။ သံ၊မြန်၊၁၊၇၁-၃။ သံ၊ဋ္ဌ၊၁၊၁၂၈။ သံ၊ဋီ၊၁၊၁၇၇။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊၃။ကောသလသံယုတ္တ၊ ပဌမဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ