အဍ္ဍကရဏသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင်က ကောသလဘုရင်၏ လျှောက်ထားချက် မှန်ကန်ကြောင်း မိန့်တော်မူပြီး ဥစ္စာဓန ကြွယ်ဝချမ်းသာကြသော မဟာသာလမျိုး, မင်း, ပုဏ္ဏား, သူကြွယ်တို့သည် ကာမဂုဏ်ကို အကြောင်းပြု၍ မမှန်မကန် ပြောဆိုကြပုံ၊ ယင်းသို့ မုသားပြောဆိုခြင်းသည် ထိုမုသားရှင်များအတွက် အချိန်ကာလကြာမြင့်လှစွာ စီးပွားကင်းပျောက် ဆင်းရဲရောက် ရန်ဖြစ်ပုံကို မြှုံးဝင်သောငါး ပမာထား၍ ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ၌ -မိမိရှေ့၌ပင် လာဘ်စား၍ မတရားဆုံးဖြတ်ကြသော တရား သူကြီးအမတ်များကို မြင်၍ ကောသလဘုရင်စက်ဆုတ်ပုံ၊ ဝိဋဋူဘသေနာပတိကို မင်းအဖြစ်လွှဲအပ်မည်ဟု-ကြံစည်ပုံကို ဖွင့်ပြထားပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၇၄။ သံ၊မြန်၊၁၊၇၃-၄။ သံ၊ဋ္ဌ၊၁၊၁၂၈။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၃-ကောသလသံယုတ္တ၊ ပဌမဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ