အညတြသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင်က “လက်သည်းဖျားပေါ်၌ မြေမှုံ့အနည်းငယ်ကိုတင်ထားပြီး” ရဟန်းတို့အား “မိမိ လက်သည်းဖျားပေါ်ရှိ မြေမှုန့်သည် ဤကမ္ဘာမြေကြီးကို ထောက်ဆ၍ မရေတွက်လောက်မှ မနှိုင်းယှဉ်လောက်, အစိတ်အပိုင်းသို့လည်း မရောက်သကဲ့သို့ လူဘုံမှ အခြား(အပါယ်)ဘုံတို့၌ဖြစ်ကုန်သော သတ္တဝါတို့သည် လူ့ဘုံ၌ဖြစ်သော သတ္တဝါတို့ ထက် ပို၍များပုံ, သစ္စာလေးပါး အမှန်တရားကို မသိမမြင်ခြင်းကြောင့် ဤသို့ဖြစ်ရပုံ သစ္စာလေးပါးအမှန်တရားကို သိမြင်အောင်အားထုတ်သင့်ပုံ”ကို ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၄၀၄။ သံ၊မြန်၊၃၊၄၁၀။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၂-သစ္စသံယုတ္တ၊ ၇-ပဌမအာမကဓညပေယျာလဝဂ္ဂ၊ ပထမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ