အဇ္ဈတ္တာနိစ္စသုတ်

ဝီကီပီးဒီးယား မှ

[၁] ဤသုတ်ကို ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ ရဟန်းတို့အား ဟောတော်မူသည်။

စက္ခုသည် မမြဲ၊ မမြဲသောစက္ခုသည် ဆင်းရဲ၏၊ ဆင်းရဲသောစက္ခုသည် အတ္တမဟုတ်၊ အတ္တမဟုတ်သော စက္ခုကို “ဤစက္ခုသည် ငါ့ဟာမဟုတ်၊ ငါမဟုတ်၊ ငါ၏အတ္တမဟုတ်”ဟု ဤသို့ ဟုတ်မှန်သည့်အတိုင်း မှန်ကန်သောပညာဖြင့် ရှုမြင်ရ မည်ဟု အဇ္ဈတ္တိကာယတန (၆) ပါးတို့ကို တစ်ပါးစီ တစ်ပါးစီ၌ ရဟန္တာဖြစ်သည်အထိ ရှုမြင်ရန် ဟောကြားတော်မူသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၂၃၆။ သံ၊မြန်၊၂၊၂၂၇။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၁-သဠာယတနသံယုတ္တ၊ ၁ -အနိစ္စဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ