အစ္စေန္တိသုတ်

ဝီကီပီးဒီးယား မှ

နံနက်ခင်းအစရှိသော အချိန်ကာလများကို ကျော်လွန်ခဲ့ပြီ၊ ညဉ့်တို့လည်း ကျော်လွန်နေခဲ့ပြီ၊ ပဌမ၊ မဇ္ဈိမ၊ ပစ္ဆိမအရွယ်များက အရွယ်အဆင့်ဆင့်ကို စွန့်ပယ်ခဲ့ကုန်ပြီ။ ကုန်လွယ်ရခြင်း၌ ဤဘေးသုံးပါးကို ရှုမြင်သူသည် ချမ်းသာကိုဆောင်နိုင်သော ကုသိုလ်ကောင်းမှုတို့ကို ပြုရမည်ဟု နတ်သားက လျှောက်ထားသည်ကို ဘုရားရှင်က “ဤဘေး သုံးပါးကိုရှုမြင်လျက် ငြိမ်းချမ်းမှုချမ်းသာကို အလိုရှိသူသည် လောကီချမ်းသာတို့၌ တပ်မက်မောမှု တဏှာကို ပယ်စွန့်ရမည်” ဟု ဟောတော်မူသည့်သုတ်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၃။ သံ၊မြန်၊၁၊၃။ သံ၊ဋ္ဌ၊၁၊၂၂။ သံ၊ဋီ၊၁၊၆၆-၇။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၁-နဠဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ