သမုဒယသုတ်

ဝီကီပီးဒီးယား မှ

ခန္ဓာငါးပါး၏ ဖြစ်ခြင်းစသည်ကို ဟောရာသုတ်။ [၁] (သမုဒယသုတ်သည် ခန္ဓဝဂ္ဂ သံယုတ် (၈) ခုမြောက် ခနီယဝဂ်၌ ဒုတိယသုတ်, တတိယသုတ်၊ (၁၃) ခုမြောက် အဝိဇ္ဇာဝဂ်၌ ဆဋ္ဌသုတ်, သတ္တမသုတ်အားဖြင့် (၄)သုတ်ရှိ၏။[၂]

ပဌမသုတ်[ပြင်ဆင်ရန်]

ထိုတွင် ပဌမသုတ်၌ အကြားအမြင် မရှိသော ပုထုဇဉ်သည် ခန္ဓာငါးပါး၏ ဖြစ်ခြင်း, ချုပ်ခြင်း, သာယာဖွယ်, အပြစ်, လွတ်မြောက်မှုတို့ကို ဟုတ်တိုင်းမှန်စွာမသိ။ အကြားအမြင် ရှိသော အရိယာတပည့်သည် ယင်းတို့ကို ဟုတ်တိုင်းမှန်စွာသိ၏ဟု ဘုရားရှင်ဟောတော်မူသည်။

ယင်းသုတ်၌ ဖြစ်ခြင်း(သမုဒယ) သာယာဖွယ် (အဿာဒ)သည် သမုဒယသစ္စာ၊

အပြစ် (အာဒီနဝ)သည် ဒုက္ခသစ္စာ

ချုပ်ခြင်း (အတ္ထင်္ဂမ)သည် နိရောဓသစ္စာ၊

လွတ်မြောက်မှု (နိဿရဏ)သည် မဂ္ဂသစ္စာအားဖြင့် သစ္စာ ၄-ပါးတို့ကို ဟောသည်။ [၃] [၂]

ဒုတိယသုတ်[ပြင်ဆင်ရန်]

ဒုတိယသုတ်၌ အကြားအမြင်ရှိသော အရိယာတပည့်သည် ခန္ဓာငါးပါး၏ ဖြစ်ခြင်း, ချုပ်ခြင်း, သာယာဖွယ်, အပြစ်, လွတ်မြောက်မှုတို့ကို ဟုတ်တိုင်းမှန်စွာ သိ၏ဟု အရိယာတပည့်၏သာ အစွမ်းအားဖြင့် ဘုရားရှင်ဟောတော်မူသည်။ သစ္စာ ၄-ပါး ခွဲပုံကား ပဌမသုတ်နည်းတူ။ [၄] [၂]

တတိယသုတ်[ပြင်ဆင်ရန်]

တတိယသုတ်၌ ခန္ဓာငါးပါး၏ ဖြစ်ခြင်း, ချုပ်ခြင်း, သာယာဖွယ်, အပြစ်, လွတ်မြောက်မှုတို့ကို ဟုတ်တိုင်း မှန်စွာမသိခြင်းသည် အဝိဇ္ဇာမည်၏။ ယင်းတို့ကို မသိသောသူသည် အဝိဇ္ဇာသို့ ရောက်သူ မည်၏-ဟု အရှင်သာရိပုတ္တရာ ဟောသည်။ သစ္စာ ၄-ပါးခွဲပုံကား ပဌမသုတ်နည်းတူ။ [၅][၂]

စတုတ္ထသုတ်[ပြင်ဆင်ရန်]

စတုတ္ထသုတ်၌ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း, ချုပ်ခြင်း, သာယာဖွယ်, အပြစ်, လွတ်မြောက်မှုတို့ကို ဟုတ်တိုင်းမှန်စွာသိခြင်းသည် ဝိဇ္ဇာမည်၏၊ ယင်းတို့ကို သိသောသူသည် ဝိဇ္ဇာသို့ ရောက် သူမည်၏-ဟု အရှင်သာရိပုတ္တရာ ဟောသည်။ သစ္စာ ၄-ပါးခွဲပုံကား ပဌမသုတ်နည်းတူ။ [၆][၂]

ကိုးကား[ပြင်ဆင်ရန်]

  1. အဿာဒေါ ဒွေ သမုဒယာ၊ အရဟန္တေဟိ အပရေ ဒွေ၊ သံ၊၂၊၈၆။ သမုဒယေ စ ဒွေ ဝုတ္တာ၊ ကောဋ္ဌိကေ အပရေ တယော။ သံ၊၂၊၁၄၅။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ တိပိဋကအဘိဓာန် အတွဲ-၂၂
  3. သံ၊၂၊၆၇-၈။ သံ၊ဋ္ဌ၊၂၊၂၅၉။ သံ၊ဋီ၊၂၊၂၃၀-၁။
  4. သံ၊၂၊၆၈။ သံ၊ဋ္ဌ၊၂၊၂၅၉။ သံ၊ဋီ၊၂၊၂၃၁။
  5. သံ၊၂၊၁၄၂။ သံ၊ဋ္ဌ၊၂၊၃၀၆။ သံ၊ဋီ၊၂၊၂၆၀။
  6. သံ၊၂၊၁၄၃။ သံ၊ဋ္ဌ၊၂၊၃၀၆။ သံ၊ဋီ၊၂၊၂၆၀)။