မာတိကာသို့ ခုန်သွားရန်

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့

ဝီကီပီးဒီးယား မှ
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
တရုတ်: 上海合作组织
ရုရှား: Шанхайская Организация Сотрудничества
      Members       Observers       Dialogue partners
အတိုကောက်SCO (Shanghai Cooperation Organisation)
ယခင်အဖွဲ့အစည်းရှန်ဟိုင်း ၅နိုင်ငံ
ဖွဲ့စည်းခြင်း၁၅ ဇွန် ၂၀၀၁; ၂၃ နှစ် အကြာက (၂၀၀၁-၀၆-15)
အမျိုးအစားလုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု
တရားဝင်အနေအထားဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဖိုရမ် [၁]
ဌာနချုပ်ဘေကျင်းမြို့တရုတ်နိုင်ငံ
အဖွဲ့ဝင်များ

Observers:

Dialogue partners:

Guest attendees:


ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organisation) အတိုကောက် အက်စီအို (SCO) သည်  တရုတ် နှင့် ရုရှားနိုင်ငံ အပါအဝင် အာရှအလယ်ပိုင်းနိုင်ငံများ ဦးဆောင်ဖွဲ့စည်းထားသော နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ လုံခြုံရေးနှင့် ကာကွယ်ရေး အဖွဲ့အစည်းဖြစ်သည်။[၂] ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ သည် ကမ္ဘာ့လူဦးရေ၏ ၄၀ရာခိုင်နှုန်း အထိ ရှိကာ ၂၀၂၃ ခုနှစ်စာရင်းအရ ၎င်း၏စုစုပေါင်း GDP သည် ကမ္ဘာ့ GDP ၏ ၃၂ ရာခိုင်နှုန်း ဝန်းကျင်ရှိသည်။ အမြဲတမ်းအဖွဲ့ဝင် ၁၀ နိုင်ငံ၊ လေ့လာသူအဆင့် ၁ နိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံ ၁၄ နိုင်ငံပါဝင်သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ဆွေးနွေးဖက် နိုင်ငံအဖြစ် ပူးပေါင်းပါဝင်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ၏ မူလအစသည် ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ရှန်ဟိုင်း ၅ နိုင်ငံ ဖြစ်သော  တရုတ်ပြည်သူ့သမ္မတနိုင်ငံကာဇက်စတန်ကာဂျစ္စတန်ရုရှားနှင့် တာဂျစ်ကစ္စတန်တို့မှ မြစ်ဖျားခံသည်။၂၀၀၁ ခုနှစ် ဇွန်လ ၁၅ရက် တွင် ထိုနိုင်ငံများနှင့် ဥဇဘက်ကစ္စတန် ခေါင်းဆောင်များသည် နက်ရှိုင်းသော နိုင်ငံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖြင့် အဖွဲ့အစည်းသစ်တစ်ခုကို ကြေညာရန် ရှန်ဟိုင်းတွင် တွေ့ဆုံခဲ့ကြပြီး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။SCO အဖွဲ့ဝင်နိုင်ငံများတို့သည် တစ်နှစ်လျှင် တစ်ကြိမ် တွေ့ဆုံကာ ၎င်း၏ အမြင့်ဆုံး ဆုံးဖြတ်ချက်အား ချမှတ်သည်။ယင်းအပြင် ဒေသတွင်းနိုင်ငံများအကြား အိမ်နီးချင်းဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး နှင့် ကုန်သွယ်ရေး၊ လုံခြုံရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးအတွက်ပါ စည်းဝေးကြသည်။

အဖွဲ့ဝင်နိုင်ငံများစာရင်း

[ပြင်ဆင်ရန်]
နိုင်ငံ ဝင်ရောက်သည့်နှစ် တင်းပြည့်အဖွဲ့ဝင်ဖြစ်သည့်နှစ်
 တရုတ် စတင်တည်ထောင်စဉ်ကအဖွဲ့ဝင်နိုင်ငံများ   ၁၅ ဇွန် ၂၀၀၁
 ကာဇက်စတန်
 ကာဂျစ္စတန်
 ရုရှား
 တာဂျစ်ကစ္စတန်
 ဥဇဘက်ကစ္စတန်
 အိန္ဒိယ ၁၀ ဇွန် ၂၀၁၅ ၉ ဇွန် ၂၀၁၇
 ပါကစ္စတန်
 အီရန် [၃] ၁၇ စက်တင်ဘာ ၂၀၂၁ ၄ ဇူလိုင် ၂၀၂၃ [၄]
 ဘီလာရုဇ် ၁၆ စက်တင်ဘာ ၂၀၂၂ ၄ ဇူလိုင် ၂၀၂၃

လေ့လာသူနိုင်ငံများ

[ပြင်ဆင်ရန်]
နိုင်ငံ ဝင်ရောက်သည့်နှစ်
 မွန်ဂိုးလီးယား ၂၀၀၄

လေ့လာသူဖြစ်ခဲ့သည့်နိုင်ငံများ
 အိန္ဒိယ ၅ ဇူလိုင် ၂၀၀၅
 ပါကစ္စတန်
 အီရန်
အာဖဂန်နစ္စတန်နိုင်ငံ ၇ ဇွန် ၂၀၁၂
 ဘီလာရုဇ် ၂၀၁၅

ဆွေးနွေးဖက်နိုင်ငံများ

[ပြင်ဆင်ရန်]
နိုင်ငံ သဘောတူလက်ခံသည့်နှစ် ဆွေးနွေးဖက်နိုင်ငံဖြစ်လာသည့်နှစ်
 သီရိလင်္ကာ ၁၅-၁၆ ဇွန် ၂၀၀၉ ၆ မေ ၂၀၁၀[၅]
 တူရကီ ၇ ဇွန် ၂၀၁၂ ၂၆ ဧပြီ ၂၀၁၃[၆]
 ကမ္ဘောဒီးယား ၁၀ ဇူလိုင် ၂၀၁၅ ၂၄ စက်တင်ဘာ ၂၀၁၅[၇]
 အဇာဘိုင်ဂျန် ၁၄ မတ် ၂၀၁၆[၈]
 နီပေါ ၂၂ မတ် ၂၀၁၆[၉]
 အာမေးနီးယား ၁၆ ဧပြီ ၂၀၁၆[၁၀]
 အီဂျစ် ၁၆ စက်တင်ဘာ ၂၀၂၁ ၁၄ စက်တင်ဘာ ၂၀၂၂
 ကာတာ
 ဆော်ဒီအာရေးဘီးယား
 ကူဝိတ် ၁၆ စက်တင်ဘာ ၂၀၂၂[၁၁] ၅ မေ ၂၀၂၃
 မော်လဒိုက်
 မြန်မာ [၁၂]
 အာရပ်စော်ဘွားများပြည်ထောင်စု
 ဘာရိန်း ၁၅ ဇူလိုင် ၂၀၂၃

ဆွေးနွေးဖက်ဖြစ်ခဲ့သည့်နိုင်ငံ
 ဘီလာရုဇ် ၁၅-၁၆ ဇွန် ၂၀၀၉ ၂၈ ဧပြီ ၂၀၁၀

ကိုးကား

[ပြင်ဆင်ရန်]
  1. Shanghai Cooperation Organisation။ Danish Institute for International Studies (4 November 2022)။ 4 November 2022 တွင် ပြန်စစ်ပြီး။ “However, it is not a defence alliance but rather a forum for cooperation that includes security policy issues.”
  2. ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ဆိုတာ ဘာလဲBBC Burmese (၂ ဇူလိုင် ၂၀၂၄)။ ၁၂ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ပိုမိုကြီးထွား လာတော့မည်ဟုဆိုMWD Webportal (၁၄ စက်တင်ဘာ ၂၀၂၂)။ ၁၂ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွင် အီရန် အဖွဲ့ဝင်ဖြစ်လာDVB (၅ ဇူလိုင် ၂၀၂၃)။ ၁၂ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. "Russian MFA Spokesman Andrei Nesterenko Response to Media Question about the Signing of a Memorandum Granting the Status of SCO Dialogue Partner to Sri Lanka"၊ Ministry of Foreign Affairs (Russia)၊ 12 May 2010။ 
  6. No: 123, 26 April 2013, Press Release Concerning the Signing of a Memorandum with the Shanghai Cooperation OrganizationMinistry of Foreign Affairs (Turkey) (26 April 2013)။
  7. "Cambodia becomes dialogue partner in SCO"၊ TASS၊ 24 September 2015။ 
  8. "Foreign Minister Elmar Mammadyarov met with Rashid Alimov, Secretary General of the Shanghai Cooperation Organization within his working visit to the People's Republic of China"၊ Ministry of Foreign Affairs (Azerbaijan)၊ 14 March 2016။ 
  9. Press Release issued by Embassy of Nepal, Beijing on Nepal officially joined the Shanghai Cooperation Organization (SCO) as a dialogue partner.။ Government of Nepal – Ministry of Foreign Affairs (22 March 2016)။ 4 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 August 2018 တွင် ပြန်စစ်ပြီး။
  10. Armenia was granted a status of dialogue partner in the Shanghai Cooperation OrganisationMinistry of Foreign Affairs (Armenia) (16 April 2016)။
  11. President Xi Jinping Attends the 22nd Meeting of the SCO Council of Heads of State and Delivers Important Remarks။ 16 September 2022 တွင် ပြန်စစ်ပြီး။
  12. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၏ ဆွေးနွေးဖက်နိုင်ငံအဖြစ်ခွင့်ပြုကြောင်း စာချွန်လွှာလက်မှတ်ရေးထိုးMYANMAR NATIONAL PORTAL (၆ မေ ၂၀၂၃)။ ၁၂ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။