ရုရှားဘာသာစကား

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ရုရှားဘာသာသည် ဆလပ်ဗ်ဘာသာစကား ဖြစ်သည်။ ရုရှားဘာသာကို ရုရှားနိုင်ငံဘီလာရုဇ်နိုင်ငံကာဂျစ်စတန်နိုင်ငံ၊ နှင့် ကာဇက်စတန်နိုင်ငံတို့တွင် အဓိကအားဖြင့် ပြောဆိုကြသည်။ ယူကရိန်းနိုင်ငံမော်လ်ဒိုဗာနိုင်ငံလတ်ဗီယာနိုင်ငံလစ်သူယေးနီးယားနိုင်ငံအက်စ်တိုးနီးယားနိုင်ငံ နှင့် ဆိုဗီယက်ပြည်ထောင်စုတွင် ယခင်က ပါဝင်ခဲ့ဖူးသည့် နိုင်ငံများတွင် ရုရှားဘာသာစကားကို တရားဝင်မဟုတ်သော်လည်း ကျယ်ပြန့်စွာ ပြောဆိုလျက်ရှိသည်။.[၁][၂] ရုရှားဘာသာသည် အင်ဒို-ဥရောပ ဘာသာစကားမိသားစုတွင် ပါဝင်သည့် ဘာသာစကားတစ်ခုဖြစ်ပြီး လက်ရှိပြောဆိုလျက်ရှိသော အရှေ့ဆလပ်ဗ်ဘာသာစကားသုံးခုအနက်မှ တစ်ခုလည်း ဖြစ်သည်။

ရုရှားနိုင်ငံယူကရိန်းနိုင်ငံ၊ နှင့် ဘီလာရုဇ်နိုင်ငံ တို့တွင် ရုရှားဘာသာစကားကို မိခင်ဘာသာစကားအဖြစ် ပြောဆိုသော လူဦးရေ ၁၄၄ သန်းရှိသည်။ ရုရှားဘာသာသည် ၇ခုမြောက် လူပြောအများဆုံးဘာသာစကားတစ်ခု[၃] ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂတရားဝင် ရုံးသုံးဘာသာစကား၆ခုအနက်မှ တစ်ခုလည်း ဖြစ်သည်။

အမျိုးအစားခွဲခြားခြင်း[ပြင်ဆင်ရန်]

ရုရှားဘာသာစကားသည် အင်ဒို-ဥရောပဘာသာစကားမျိုးနွယ်တစ်ခုဖြစ်သည့် ဆလပ်ဗ်ဘာသာစကားတစ်ခုဖြစ်သည်။ ရုရှား ဝေါဟာရများနှင့် စာပေအရေးအသားပုံစံတို့သည် အနောက်ဥရောပနှင့် အလယ်ဥရောပဘာသာစကားများဖြစ်ကြသည့် ဂရိလက်တင်ပိုလန်ဒတ်ခ်ျဂျာမန်ပြင်သစ်အီတလီ နှင့် အင်္ဂလိပ်ဘာသာစကားတို့၏ လွှမ်းမိုးခြင်းကို ခံခဲ့ရသည်။[၄] ယူရလ်လစ်၊ တူရကီပါရှန်းအာရေဗျ ဘာသာစကားတို့သည်လည်း ရုရှားဘာသာစကားအပေါ် အနည်းငယ်သက်ရောက်မှုရှိသည်။ ကယ်လီဖိုးနီးယားရှိ ဘာသာစကားလေ့လာရေးတက္ကသိုလ်တစ်ခု၏ အဆိုအရ ရုရှားဘာသာစကားသည် အင်္ဂလိပ်စကားပြောလူမျိုးများအတွက် လေ့လာရာတွင် ခက်ခဲသောဘာသာစကားတစ်ခု ဖြစ်ပြီး ရုရှားဘာသာကို အလယ်အလတ်အဆင့်ပြောဆိုနိုင်ရန်အတွက် နာရီပေါင်း ၁,၁၀၀ ခန့်အထိ လေ့လာရန်လိုအပ်နိုင်သည်။

စံပြုရုရှားဘာသာစကား[ပြင်ဆင်ရန်]

စံပြုရုရှားဘာသာစကားပုံစံကို ယေဘူယျအားဖြင့် ခေတ်သစ်ရုရှားစာပေအရေးအသား (современный русский литературный язык) ဟုခေါ်ဆိုကြသည်။ ၁၈ရာစုအစပိုင်း၌ ဘုရင်မဟာပီတာ၏ အုပ်ချုပ်မှုအောက်တွင် ရုရှားစာပေကို ခေတ်မီအောင်ပြုလုပ်စေခြင်းဖြင့် ရုရှားခေတ်သစ်စာပေသည် ပေါ်ထွန်းလာပြီး ယခင်ခေတ်ဟောင်းစာပေပုံစံတို့မှ တိုးတက်လာခဲ့သည်။ မစ်ဟေး လိုမိုနိုဆိုဗ်သည် ၁၇၅၅ခုနှစ်တွင် စံပြုသဒ္ဒါကျမ်းကို ပထမဆုံး စာတမ်းပြုစုခဲ့ပြီး ရုရှားအကယ်ဒမီကျောင်း၏ ပထမဆုံး အဓိပ္ပါယ်ဖွင့်ဆိုကျမ်းဖြစ်သည့် ရုရှားအဘိဓါန်ကို ၁၇၈၃ခုနှစ်တွင် ထုတ်ခဲ့သည်။ ၁၈ရာစုနှစ်အဆုံးပိုင်းနှင့် ၁၉ရာစုနှစ်များသည် ရုရှားဘာသာစကား၏ "ရွှေခေတ်"ဟု အသိများကြပြီး ထိုကာလများတွင် ရုရှားဘာသာ၏ သဒ္ဒါ၊ ဝေါဟာရစကားလုံးနှင့် အသံထွက်ပုံစံတို့သည် စံပြုစဖွယ် အခြေခိုင်လာပြီး ရုရှားတစ်ပြည်လုံးအနှံ့တွင် ရုရှားစာပေအရေးအသားသည် ကြီးပွားတိုးတက်လာခဲ့သည်။ ၂၀ရာစုမတိုင်မီအထိ မျိုးရိုးမြင့်သောအဆင့်အတန်းမှ ဆင်းသက်လာသူများနှင့် မြို့နေလူတန်းစားများသာ စံရုရှားစကားပြောပုံစံကို ပြောဆိုကြပြီး ကျေးလက်ဒေသများတွင်နေထိုင်သည့် ရုရှားရွာသားတို့သည် သူတို့၏ ကိုယ်ပိုင် ဒေသိယဘာသာစကားများကို ဆက်လက်ပြောဆိုလျက်ရှိခဲ့ကြသည်။ ၂၀ရာစုအလယ်ခန့်တွင် ထိုဒေသိယဘာသာစကားများသည် ဆိုဗီယက် အစိုးရမှ ပြဌာန်းခဲ့သည့် ပညာရေးစနစ်နှင့် ရေဒီယို၊ ရုပ်မြင်သံကြားစသော ပြန်ကြားဆယ်သွယ်ရေးနည်းများကြောင့် နောက်ဆုံးတွင် ပျောက်ကွယ်ခဲ့ရသည်။

ပထဝီဝင်ဆိုင်ရာ ဘာသာစကားပြန့်နှံ့ခြင်း[ပြင်ဆင်ရန်]

Competence of Russian in the countries of the former USSR, 2004

ဆိုဗီယက်ကာလအတောအတွင်း ကွဲပြားသော လူမျိုးစုဘာသာစကားများအပေါ် ထားရှိသည့် အစိုးရ၏မူဝါဒသည် မတည်မငြိမ်ခဲ့ပေ။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ၁၉၉၁တွင် သီးခြားလွတ်လပ်သည့် နိုင်ငံသစ်များပေါ်ပေါက်လာပြီး သူတို့၏ မိခင်ဘာသာစကားများကို အားပေးအားမြှောက်ပြုခဲ့ကြသည်။

ကမ္ဘာပေါ်တွင် ရုရှားစကားပြောသူအရေအတွက်သည် ၂၀၁၀ပြည့်နှစ်တွင် ၂၅၉.၈သန်း ရှိလာပြီး ရုရှားနိုင်ငံ၌ ၁၃၇.၅သန်း၊ ဓနသဟာယနှင့် ဘော်လတစ်နိုင်ငံများ၌ ၉၃.၇သန်း၊ အရှေ့ဥရောပနှင့် ဘယ်လ်ကန်ဒေသ၌ ၁၂.၉သန်း၊ အနောက်ဥရောပ၌ ၇.၃သန်း၊ အာရှ၌ ၂.၇သန်း၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက၌ ၁.၃သန်း၊ ဆာဟာရပိုင်း အာဖရိက၌ ၀.၁သန်း၊ လက်တင်အမေရိက၌ ၀.၂သန်း၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဩစတြေးလျနှင့် နယူးဇီလန်တို့တွင် ၄.၁သန်းတို့ ရှိသည်။ ဤသို့ဖြင့် ရုရှားဘာသာသည် ကမ္ဘာပေါ်တွင် ၆ခုမြောက် ပြောဆိုသူအများဆုံးဘာသာစကားတစ်ခုဖြစ်ပြီး အရေအတွက်အစဉ်လိုက်အားဖြင့် အင်္ဂလိပ်ဘာသာ၊ တရုတ်ဘာသာ၊ ဟိန္ဒူ /အူရဒူဘာသာ၊ စပိန်ဘာသာနှင့် အာရပ်ဘာသာတို့နောက် ရပ်တည်နေသည်။[၅]

အက်စတိုးနီးယားနိုင်ငံတွင် ရုရှားစကားပြောသူဦးရေသည် တစ်နိုင်ငံလုံးလူဦးရေ၏ ၂၅.၅ရာခိုင်နှုန်းအထိ ရှိနေပြီး[၆] ၅၈.၆ရာခိုင်နှုန်းသော အက်စတိုးနီးယားဒေသခံများသည်လည်း ရုရှားဘာသာစကားကို ပြောဆိုနိုင်ကြသည်။[၇] ခြုံငုံကြည့်လျှင် အက်စတိုးနီးယားနိုင်ငံလူဦးရေ၏ ၆၇.၈ရာခိုင်နှုန်းသည် ရုရှားစကားကို ပြောဆိုနိုင်ကြသည်။[၇]

ကာဇက်စတန်နိုင်ငံနှင့် ကာဂျစ္စတန်နိုင်ငံတို့တွင် ၎င်းတို့၏ မိခင်ဘာသာစကားများနှင့်အတူ ရုရှားဘာသာစကားသည်လည်း ပူးတွဲ-ရုံးသုံးဘာသာစကားအဖြစ် တည်ရှိနေသည်။ ကြီးမားသော ရုရှားစကားပြောသူပမာဏသည် ကာဇက်စတန်နိုင်ငံ မြောက်ပိုင်းတွင် တည်ရှိလျက်ရှိပြီး ကာဇက်စတန်နိုင်ငံလူဦးရေ၏ ၂၅.၆ရာခိုင်နှုန်းသည် ရုရှားလူမျိုးများဖြစ်ကြသည်။[၈]

လစ်သူယေးနီးယားနိုင်ငံတွင် ရုရှားဘာသာသည် မိခင်ဘာသာ သို့မဟုတ် ဒုတိယဘာသာစကားအဖြစ်သတ်မှတ်ထားပြီး ခန့်မှန်းခြေအားဖြင့် လစ်သူယေးနီးယားနိုင်ငံလူဦးရေ၏ ၆၀ရာခိုင်နှုန်းသည် ရုရှားစကားပြောသူများဖြစ်ကြသည်။ ဘော်လတစ်နိုင်ငံများရှိ လူဦးရေ၏ ထက်ဝက်ကျော်ကျော်သည် ရုရှားစကားကို နိုင်ငံခြားဘာသာစကားကဲ့သို့လည်းကောင်း၊ မိခင်ဘာသာစကားကဲ့သို့လည်းကောင်း ပြောဆိုကြသည်။[၇][၉][၁၀] ၁၈၀၉ခုနှစ်မှ ၁၉၁၈ခုနှစ်အတွင်း ရုရှားအင်ပါယာအတွင်း ကျရောက်ခဲ့သော ဖင်လန်နိုင်ငံတွင်လည်း ရုရှားစကားပြောသူများ ကျန်ရှိနေသည်။ ရုရှားစကားပြော ဖင်လန်နိုင်ငံသား ၃၃,၄၀၀ ယောက်ရှိပြီး ထိုပမာဏသည် ဖင်လန်လူဦးရေ၏ ၀.၆ရာခိုင်နှုန်းရှိသည်။

၂၀ရာစုတွင် ဝါဆောစာချုပ်ဝင်နိုင်ငံများ၏ ကျောင်းများနှင့် ဆိုဗီယက်ပြည်ထောင်စု၏ ဩဇာခံနိုင်ငံများတွင် ရုရှားဘာသာစကားကို ကျယ်ပြန့်နှံ့စပ်စွာ သင်ကြားခဲ့သည်။ ဩဇာခံနိုင်ငံများတွင် ပိုလန်နိုင်ငံဘူလ်ဂေးရီးယားနိုင်ငံချက်သမ္မတနိုင်ငံဆလိုဗားကီးယားနိုင်ငံဟန်ဂေရီနိုင်ငံအယ်လ်ဘေးနီးယားနိုင်ငံ၊ ယခင် အရှေ့ဂျာမနီနှင့် ကျူးဘားနိုင်ငံတို့ ပါဝင်သည်။ နောက်ပိုင်းတွင် ကျောင်းများ၌ ရုရှားဘာသာကို သင်ကြားခြင်းမရှိတော့သည့်အတွက် မျိုးဆက်သစ်များသည် ရုရှားစကားကို ကောင်းစွာပြောဆိုနိုင်ခြင်းမရှိကြတော့ပေ။

External links[ပြင်ဆင်ရန်]

External links in Russian[ပြင်ဆင်ရန်]