မြအေး (နိုင်ငံရေးသမား)
ကိုမြအေး | |
---|---|
မွေးဖွား | ရန်ကုန်မြို့ | ၁၀ မတ်၊ ၁၉၆၆
ပညာရေး | ရန်ကုန်တက္ကသိုလ် |
အဖွဲ့အစည်း | ၈၈ မျိုးဆက် ကျောင်းသားများ ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း |
နိုင်ငံရေး လှုပ်ရှားမှု | ရှစ်လေးလုံး အရေးအခင်း |
ကိုမြအေး( ၁၀ မတ် ၁၉၆၆ ဖွား) [၁]သည် မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူဖြစ်ပြီး ၈၈၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ကိုမြအေးသည် မင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ပထမဆုံး ဖမ်းဆီးခံခဲ့ရပြီး ၁၉၈၈ ခုနှစ် အရေးအခင်းတွင် ကျောင်းသားခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့မှုကြောင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသည်။ ၁၉၉၆ တွင် လွတ်မြောက်လာပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် ဆက်လက်လှုပ်ရှားခဲ့သည်။ ရွှေဝါရောင် ၂၀၀၇ ခုနှစ်တွင် ကျောင်းသားခေါင်းဆောင်များနှင့်အတူ ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ် ၆၅ နှစ်နှင့် ၆ လ ချမှတ်ခံခဲ့ရသည်။[၂] ၎င်း၏သမီးမှာ မြန်မာ့ဒီမိုကရေစီရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ကြိုးပမ်းခဲ့သူ ဝေနှင်းပွင့်သုန် [၃] ဖြစ်သည်။၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မင်းကိုနိုင်၊ နီလာသိန်းနှင့် ၈၈ မျိုးဆက်ကျောင်းသားများ အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် တစိတ်တပိုင်းအဖြစ် ကိုမြအေးကို ပြန်လွတ်လာသည်။
ထောင်မှပြန်လွတ်လာပြီးနောက် ဖြတ်သန်းမှုများ
[ပြင်ဆင်ရန်]၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ တိုင်းရင်းသားရေးရာကဏ္ဍ တွင် အင်တိုက်အားတိုက် ပါဝင်ခဲ့သည်။ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ခရီးလှည့်လည် တွေ့ဆုံမှုများတွင်လည်း ပါဝင်ခဲ့ပြီး အဖွဲ့၏ ငြိမ်းချမ်းရေးတာဝန်ခံတဦးအဖြစ် တစ်တပ်တစ်အားလှုပ်ရှားပေးခဲ့သည်။[၄]
၂၀၂၁ နောက်ပိုင်းဖြစ်ရပ်များ
[ပြင်ဆင်ရန်]၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်း သည့် ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းမှာပင် ကိုမြအေး သည် ဖမ်းခံခဲ့ရသည်။[၅] ယင်းနောက် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်၂၀၁၄ ခုနှစ်က တရုတ်နိုင်ငံသားဖြစ်သူ မင်းသိမ်း ဆိုသူနှင့် အီးမေးလ် (E-mail) က တဆင့် ဆက်သွယ် ပြောဆိုခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ် ဒုရဲမှူး ဇော်မင်းသူက တရားလိုလုပ်၍ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅- ဂ အမှုဖြင့် တရားစွဲသည်။ ကိုမြအေးက စွပ်စွဲချက်များအား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အချက်အလက်များအား သက်သေထားကာ ၎င်းတွင် အပြစ်မရှိကြောင်း ထုချေခဲ့သော်လည်း[၆] ၂၀၂၁ မတ်လ ၁၀ရက်တွင် အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်သည်။[၇] ၂၀၂၂ နိုဝင်ဘာ ၁၇ရက်တွင် ကိုမြအေးသည် အခြားသော နိုင်ငံရေးတက်ကြွသူအချို့နှင့်အတူ ထောင်မှ လွတ်ငြိမ်းဖြင့်ပြန်လွတ်လာကာ[၈] မြန်မာ ပြည်သူများနှင့် အမြဲအတူတူရှိကြောင်း ပြောခဲ့သည်။[၉]
မိသားစုဘဝ
[ပြင်ဆင်ရန်]ကိုမြအေးသည် အိမ်ထောင်သည် တစ်ဦးဖြစ်ကာ ဝေနှင်းပွင့်သုန် နှင့် ဝတ်ရည်ရနံ့ ဆိုသည့် သမီးနှစ်ဦးရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဦးမြအေး၏ ပြင်ပကမ္ဘာကို ကြောင် ၃၇ ကောင်ပါ မျှော်နေသည်။ Myanmar Now (၁၅ မတ်၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ မင်းကိုနိုင်နှင့် ကျောင်းသား ခေါင်းဆောင်များကို နိုင်ငံ အစွန်အဖျား ထောင်များသို့ ပြောင်းရွှေ့။ VOA (၁၆ နိုဝင်ဘာ၂၀၀၈)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဝေနှင်းပွင့်သုန်ရဲ့ ကြိုးပမ်းချက်။ VOA (၁ အောက်တိုဘာ၂၀၁၀)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ၈၈ မျိုးဆက် ရဲ့ ငြိမ်းချမ်းရေး မူဝါဒ။ BBC (၁၁ စက်တင်ဘာ၂၀၁၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ‘နိုင်ငံရေးဓားစာခံ’ အဖြစ် စစ်ခေါင်းဆောင်က အာဃာတဖြင့် ဖမ်းဆီးခဲ့သူများ။ Myanmar Now (၁၈ သြဂုတ်၂၀၂၁)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ NCA သက်သေထားပြီး ကိုမြအေး ကိုယ်တိုင် ထုချေထွက်ဆို။ ဧရာဝတီ (၁၆ ဖေဖော်ဝါရီ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကိုမြအေးကို ထောင် ၂ နှစ် ချ။ ဧရာဝတီ (၁၀ မတ်၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကိုမြအေး၊ ဒေါက်တာမျိုးညွန့်၊ ရွှေညဝါဆရာတော်၊ စာရေးဆရာမောင်သာချိုတို့ ပြန်လွတ်။ RFA (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ထောင်ကလွတ်လာတဲ့ ဦးမြအေး ဘာပြောလဲ။ Myanmar Now News (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။