မာရသုတ်

ဝီကီပီးဒီးယား မှ

(၃)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အရှင်ရာဓ၏ မေး လျှောက်ချက်အရ ခန္ဓာငါးပါးတို့တွင် တစ်ပါးစီ တစ်ပါးစီရှိလျှင် သေခြင်း၊ သေစေသူ၊ သေသူမရှိပုံ၊ ထိုသို့ဖြစ်သောကြောင့် ခန္ဓာတစ်ပါးစီကို သေခြင်းတရား၊ သေစေသူ၊ သေသူ၊ ရောဂါ၊ အနာ၊ ဆူးငြောင့်၊ ဆင်းရဲ၊ ဆင်းရဲကြောင်းဟု ရှုလေလော၊ ထိုခန္ဓာငါးပါးတို့၌ တစ်ပါးစီ တစ်ပါးစီကို ဤသို့ရှုမြင်လျှင် မှန်ကန်စွာရှုမြင်သူ ဖြစ်၏။

မှန်ကန်စွာ ရှုမြင်ခြင်းသည် နိဗ္ဗိန္ဒ (=ငြီးငွေ့သော)ဉာဏ်ဖြစ်ရန် နိဗ္ဗိန္ဒဉာဏ်လျှင် ဝိရာဂ (စွဲမက်မှုကင်းသည့်) မဂ်ဉာဏ်ဖြစ်ရန်၊ ဝိရာဂဉာဏ်ဖြစ်လျှင် ဝိမုတ္တိ (လွတ် မြောက်မှု အရဟတ္တဖိုလ်)ဉာဏ်ဖြစ်ရန်၊ ဝိမုတ္တိဉာဏ်ဖြစ်လျှင် နိဗ္ဗာန်သို့ဆိုက်ရောက် တော့ပုံ၊ မြတ်သောအကျင့်ကို ကျင့်သုံးခြင်းသည် နိဗ္ဗာန်သို့သက်ဝင်၏၊ နိဗ္ဗာန်လျှင် လဲလျောင်းရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးရှိ၏-ဟု ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် မာရ= သေခြင်းဟူသည် အဘယ်ပါနည်းဟု အရှင်ရာဓထေရ်၏ မေးလျှောက်ချက်အရ မာရ= သေခြင်း ဟူသည် ခန္ဓာငါးပါးပေတည်းဟု တစ်ပါးစီမိန့်တော်မူပြီး ဤသို့ရှုမြင်သော သုတဝန္တ အရိယာသာဝကသည် ခန္ဓာငါးပါး၌ နိဗ္ဗိန္ဒဉာဏ်၊ ဝိရာဂဉာဏ်၊ ဝိမုတ္တိဉာဏ်ဖြစ်ပုံ၊ အရဟတ္တဖိုလ်ရောက်ပြီဟု သိမြင်ပုံကို အသီးအသီးခွဲခြမ်း၍ ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဗောဇ္ဈင်ခုနစ်ပါးတို့သည် မာရ်မင်း၊ မာရ်မင်း၏စစ်သည်တို့ကို နှိမ်နင်းကြောင်းလမ်းစဉ်တို့ပေတည်းဟု ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ် [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၁၅၄။ သံ၊မြန်၊၂၊၁၄၆။ သံ၊ဋ္ဌ၊၂၊၃၀၈။ သံ၊ဋီ၊၂၊၂၆၂။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၂-ရာဓသံယုတ္တ၊ ၁-ပဌမဝဂ္ဂ၊ ပဌမသုတ်။
  2. -သံ၊၂၊၁၅၉။ သံ၊မြန်၊၁၊၁၅၀-၁။ သံ၊ဋ္ဌ၊၁၊၃၀၈။ -သံယုတ္တနိကာယ၊ ၂-ရာဓသံယုတ္တ၊ ၂-ဒုတိယဝဂ္ဂ၊ ပဌမသုတ်။
  3. -သံ၊၃၊၈၈။ သံ၊မြန်၊၃၊၉၂-၃။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၂-ဗောဇ္ဈင်္ဂသံယုတ္တ၊ ၅-စက္ကဝတ္တိဝဂ္ဂ၊ တတိယသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ