မဟာရုက္ခသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အထက်ကိုင်းဖျား ရောက်အောင် ဩဇာကိုဆောင်ယူသော အမြစ်များကြောင့် ကြာရှည်လေးမြင့်စွာ သစ်ပင်တည်နေသကဲ့သို့ ဥပါဒါနိယတရားတို့၌ အဿာဒကို ရှုမှတ်နေသောပုဂ္ဂိုလ်အား တဏှာတိုးပွားလာပုံ၊ တဏှာကြောင့် ဥပါဒါန်ဖြစ်ပုံ-မှ အစပြု၍ ဒုက္ခအစုအဝေး ဖြစ်ပေါ်လာပုံ၊

သစ်ပင်နှင့် သစ်မြစ်တို့ကို ခုတ်ဖြတ်၊ ပြာဖြစ်အောင် မီးရှို့၍ ရေ၌မျောလိုက်သဖြင့် သစ်ပင်၏တည်ရာမရှိတော့သကဲ့သို့ ဥပါဒါနိယတရားတို့၌ အပြစ်ဟုရှုနေသော ပုဂ္ဂိုလ်အား တဏှာချုပ်ပုံမှအစပြု၍ ဆင်းရဲအစုချုပ်ငြိမ်းသွားပုံ-တို့ကို ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များစွာရှိပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၃၁၄၊ သံ၊မြန်၊၁၊၃၀၁။ သံ၊ဋ္ဌ၊၂၊၇၇-၈။ သံ၊ဋီ၊၂၊၉၇။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၁-နိဒါနသံယုတ္တ၊ ၆-ရုက္ခဝဂ္ဂ၊ ပဉ္စမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ