မဟာပုရိသသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် အရှင်သာရိပုတ္တရာ၏ လျှောက်ထားချက်အရ ကိလေသာတို့မှ လွတ်မြောက်ပြီးသောစိတ်ရှိသူကို “မဟာပုရိသ၊ ကိလေသာတို့မှ လွတ်မြောက်ပြီးသောစိတ် မရှိသူကို “မဟာပုရိသ”ဟု ဟောတော်မမူပုံ၊ သတိပဋ္ဌာန်လေးပါးတို့ကို ပွားများ၍နေသောသူ၏စိတ်သည် တပ်မက်မှုကင်း၏။ တဏှာ ဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသောအာရုံကို မစွဲလမ်းတော့ဘဲ အာသဝေါတရားတို့မှ လွတ်မြောက်၏။ ကိလေသာတို့မှ စိတ်လွတ်မြောက်ပြီးသောကြောင့် မဟာပုရိသ-ဟု ဟောတော်မူပုံ၊ မလွတ်မြောက်သေးသူသည် မဟာပုရိသ မဟုတ်ဟု ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၁၃၇။ သံ၊မြန်၊၃၊၁၄၂။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၃-သတိပဋ္ဌာနသံယုတ္တ၊ ၂-နာလန္ဒဝဂ္ဂ၊ ပထမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ