မာတိကာသို့ ခုန်သွားရန်

မဟာကပ္ပိနသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ် ရှိပါသည်။

[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဘုရားရှင်က အဝေးကပင် မိမိတို့ရှိရာသို့လာနေသော မဟာကပ္ပိနထေရ်ကို မြင်တော်မူခြင်းကြောင့် ရဟန်းတို့၊ သင်တို့သည် “ဖြူစင်ခေါင်းပါးသောအကျင့်ရှိသော နှာတံရှည်သော ရဟန်းကို တွေ့မြင်ကြကုန်၏လော၊ ဤရဟန်းသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏၊ မဝင်စားဖူးသော သမာပတ်မရှိ၊ ဗြဟ္မစရိယ၏အပြီးအဆုံးဖြစ်သော အရဟတ္တဖိုလ်ကို မျက်မှောက်ဘဝ၌ပင် ထူးသောဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုနေသူပေတည်း ဟု မိန့်တော်မူပြီး “ခတ္တိယော သေဋ္ဌော ဇနေတသ္မိံ”-အစရှိသော ဂါထာနှင့် “ဒိဝါ တပတိ” အစရှိသောနှစ်ဂါထာကို ရဟန်းတို့အား ဘုရားရှင် မိန့်တော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။


[] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဘုရားရှင်၏အနီး၌ တင်ပလ္လင်ခွေ၍ ကိုယ်ကိုဖြောင့်မတ်စွာထား၍ ကမ္မဋ္ဌာန်းသို့ရှေးရှု သတိကိုဖြစ်စေ၍ ထိုင်နေသော မဟာကပ္ပိနထေရ်ကိုတွေ့မြင်၍ ရဟန်းတို့အားမေးတော်မူပြီး ပဋိနိဿဂ္ဂါနုပဿီဖြစ်အောင် အာနာပါနဿတိသမာဓိကိုပွားများအပ်၊ ကြိမ်ဖန်များစွာ အလေ့ အလာပြုအပ်သည်ရှိသော် ကိုယ်တုန်လှုပ်ခြင်းမရှိပုံကို အကျယ်အားဖြင့် ဘုရားရှင် ဟောတော်မူသည့်သုတ်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. -သံ၊၁၊၄၅၁။ သံ၊မြန်၊၁၊၄၅၉။ သံ၊ဋ္ဌ၊၂၊၂၂၃-၆။ သံ၊ဋီ၊၂၊၁၉၉-၂၀၀။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၁၀-ဘိက္ခုသံယုတ္တ၊ ဧကာဒသမသုတ္တ။
  2. -သံ၊၃၊၂၅၄-၅။ သံ၊မြန်၊၃၊၂၇၇-၈။ သံ၊ဋ္ဌ၊၃၊၂၉၅။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၀-အာနာပါနသံယုတ္တ၊ ၁-ဧကဓမ္မဝဂ္ဂ၊ သတ္တမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ