မနောနိဝါရဏသုတ်

ဝီကီပီးဒီးယား မှ

ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် စိတ်ကိုတားမြစ်မှုနှင့် စပ်၍ အညတရနတ်သား၏လျှောက်ထားချက်ကို “အလုံးစုံသောကောင်းမှု မကောင်းမှုမှ စိတ်ကို မတားမြစ်ရာ၊ စောင့်စည်းခြင်းသို့ရောက်သောစိတ်ကို မတားမြစ်ရာ၊ မကောင်းမှုစိတ်ဖြစ်ရာ ထိုထိုသဘောမှ မကောင်းသောစိတ်ကို တားမြစ်ရာ၏-ဟု ဘုရားရှင်က ပြင်ဆင်၍ အညတရနတ်သားအား ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၁၃။ သံ၊မြန်၊၁၊၁၃။ သံ၊ဋ္ဌ၊၁၊၄၉။ သံ၊ဋီ၊၁၊၉၄-၅။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၃-သတ္တိဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ