မနုဿစုတိတိရစ္ဆာနသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ဘုရားရှင်သည် လက်သည်းခွံပေါ်၌ မြေမှုန့်အနည်းငယ် တင်ထားတော်မူပြီး လက်သည်းခွံပေါ်ရှိ မြေမှုန့်နှင့် မဟာပထဝီမြေကြီး ဘယ်ကများသနည်းဟု ရဟန်းတော်များအား မေးတော်မူပါသည်။

မြတ်စွာဘုရား-မဟာပထဝီမြေကြီးက များပါသည်။ မြတ်စွာဘုရား လက်သည်းခွံပေါ်ရှိ မြေမှုန့်သည် ရေတွက်နှိုင်းယှဉ်လောက်အောင်ပင် မရှိပါဟု ရဟန်းတို့က လျှောက်ထားကြပါသည်။

ရဟန်းတို့ ဤအတူပင် လူ့ဘဝမှစုတေ၍ လူ့ဘဝ၌ဖြစ်သောပုဂ္ဂိုလ်တို့သည် နည်းပါးလှကုန်၏။ လူ့ဘဝမှစုတေ၍ တိရစ္ဆာန်ဘဝ၌ဖြစ်သောသူတို့သာ များလှကုန်၏-ဟု ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၃၊၄၁၂။ သံ၊မြန်၊၃၊၄၁၈။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၁၂-သစ္စသံယုတ္တ၊ ၁၁-ပဉ္စဂတိပေယျာလဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ