မညမာနသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အညတရ ရဟန်း၏ အလုပ်ပေးတရားဟောတော်မူပါရန် လျှောက်ထားချက်အရ ဘုရားရှင်က (တဏှာမာန-ဒိဋ္ဌိတို့ဖြင့်) ငါဟုမှတ်ထင်လျှင် မာရ်၏နှောင်ဖွဲ့မှုကိုခံရ၏။ ငါဟုမမှတ်မထင်လျှင် မာရ်မှလွတ်မြောက်၏-ဟု မိန့်တော်မူသောတရားတော်ကို အညတရ ရဟန်းက သိရှိနားလည်ပါကြောင်းလျှောက်ထားသဖြင့် မည်ကဲ့သို့သိရှိသနည်းဟု ဘုရားရှင်က မေးတော်မူခြင်းကို အညတရရဟန်းက ခန္ဓာတစ်ပါးစီ တစ်ပါးစီ၌ ငါဟုမှတ်ထင် နေလျှင် မာရ်၏အနှောင်အဖွဲ့ခံရပါ၏။ ငါဟုမှတ်ထင်မှုမရှိလျှင် မာရ်၏အနှောင်အဖွဲ့ လွတ်ပါကြောင်းလျှောက်ထားသည့်အခါ ဘုရားရှင်က သာဓုခေါ်တော်မူ၍ အကျဉ်းချုပ် ဟောသောတရားကို ဤသို့အကျယ်အားဖြင့်သိမှတ်ရမည်ဟု မိန့်ကြားတော်မူပါသည်။ ဒေသနာတော်အတိုင်း ကြိုးစားအားထုတ်ရာ အညတရရဟန်းရဟန္တာဖြစ်သွားပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်ရှိပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၆၂။ သံ၊မြန်၊၂၊၅၉။ သံ၊ဋ္ဌ၊၂၊၂၅၈။ သံ၊ဋီ၊၂၊၂၃၀။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ (၇) ၂-အရဟန္တဝဂ္ဂ၊ ဒုတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ