မစ္ဆရိသုတ်

ဝီကီပီးဒီးယား မှ

(၂)သုတ်ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် သတုလ္လပကာယိကာ နတ်သားခြောက်ယောက်တို့ ရောက်ရှိလာကြပြီး ဒါနကောင်းမှုနှင့်ဆက်စပ်နေသော ဂါထာတို့ဖြင့် ဘုရားရှင်အား လျှောက်ထားကြပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် နတ်သား တစ်ယောက် ရောက်လာပြီး နှမြောစေးနှဲသူ၊ သဝန်တိုသူ၊ စဉ်းလဲကောက်ကျစ်သူ၊ ဘေးကိုပြ၍ ခြိမ်းခြောက်သူ၊ အလှူရှင်တို့၏အလှူကို နှောင့်ယှက်သူများ၏ အကျိုး အပြစ်ကိုလည်းကောင်း၊ ရတနာသုံးပါးကို ကြည်ညိုလေးစားသူတို့ ရရှိခံစားရအကျိုး အာနိသင်တို့ကိုလည်းကောင်း မေးမြန်းလျှောက်ထားခြင်းကြောင့် ဘုရားရှင် ဖြေကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၁၇-၉။ သံ၊မြန်၊၁၊၁၇-၈။ သံ၊ဋ္ဌ၊၁၊၅၆-၈။ သံ၊ဋီ၊၁၊၁၀၁-၃။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၄-သတုလ္လပကာယိကဝဂ္ဂ၊ ဒုတိယသုတ်။
  2. -သံ၊၁၊၃၁-၂။ သံ၊မြန်၊၁၊၃၁-၂။ သံ၊ဋ္ဌ၊၁၊၈၄-၆။ သံ၊ဋီ၊၁၊၁၂၆-၇။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၅-အာဒိတ္တဝဂ္ဂ၊ နဝမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ