မင်္ဂုလိတ္ထိသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် အရှင်လက္ခဏထေရ်၏ မေးလျှောက်ချက်အရ ငါ့ရှင်လက္ခဏ ဤနေ့၌ တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှဆင်းသက်စဉ် အရေမရှိသော ကောင်းကင်၌ ပျံသန်းနေသောမိန်းမကို တွေ့မြင်ခဲ့ပါသည်။ ကျီးငှက် နှင့်တူသော ဘီလူးတို့သည်လည်းကောင်း၊ လင်းတနှင့်တူသော ဘီလူးတို့သည်လည်းကောင်း ဝိုင်းအုံ(တကောက်ကောက်)လိုက်ကြကုန်၍ ဝိုင်းအုံ(တကောက်ကောက်) လိုက်ကြကုန်၍ ထိုမိန်းမကို သံနှုတ်သီးတို့ဖြင့် ထိုးဆိတ်ကြကုန်၏၊ ထိုးဖောက်ကြကုန်၏၊ ထိုမိန်းမပြိတ္တာသတ္တဝါသည် အမိအမယ် ကယ်ပါ ယူပါ တစာစာဖြင့် လွန်စွာပြင်းထန် ကြင်နာသောအသံကို အော်ဟစ်သမှုပြုပါသည်-ဟု အရှင်မောဂ္ဂ လာန်ထေရ်က ဖြေဆိုပါသည်။

ထိုမိန်းမသည် ဤရာဇဂြိုဟ်မြို့တော်၌ပင်လျှင် လင်ကိုလွန်၍ ကျင့် (လင်ငယ်နေ)သော မိန်းမဖြစ်ခဲ့ဖူးပြီ-ဟု ဘုရားရှင်က မိန့်ကြားတော်မူသည့်သုတ်။

(ဝိ၊၁၊၂၄၇။ ဝိ၊ဋ္ဌ၊၂၊၉၈။) [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၄၅၀။ သံ၊မြန်၊၁၊၄၄၀။ သံ၊ဋ္ဌ၊၂၊၂၁၅။ သံ၊ဋီ၊၂၊၁၈၅။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ ၈-လက္ခဏသံယုတ္တ၊ ၂-ဒုတိယဝဂ္ဂ၊ တတိယသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ