ဘာသာမဲ့ အယူဝါဒ

ဝီကီပီးဒီးယား မှ

ဘာသာမဲ့ဆိုသည်မှာ ကိုးကွယ်သည့် ဘာသာ မရှိသူများကိုဆိုလိုသည်။ မည်သည့်ဘာသာကိုမှမကိုးကိုယ်ခြင်းအပြင်တန်ခိုးရှင်ဝါဒ အပေါ် မဝပ်တွားတတ်သူများနှင့်အကြွင်းမဲ့မယုံကြည်တတ်သူများသည်ဘာသာမဲ့ဝါဒီများဖြစ်သည် ဘာသာမဲ့သည်အယူဝါဒမဟုတ်ပဲ အယူဝါဒီ တစ်ခုမျှသာဖြစ်သည် သို့သော် ခံယူချက်တူသူများဖြင့် အစုအအဖွဲ့သဘောမျိုး လည်းရှိသည် ထို့အပြင် ဘာသာမဲ့ဝါဒီ သမား အများစုသည် သိပ္ပံ သမားများဖြစ်ကြပြီး သဘာဝလက်တွေ့အပေါ် တွင်အဓိကအလေးထားတတ်သူများဖြစ်ကြသည် သူတို့သည်အယူဝါဒ တစ်မျိုးမျိုး၏ လွမ်းမိုးခြယ်လှယ်မှုမှလွတ်မြောက်သူများအဖြစ်လည်း ခံယူတတ်ကြသည် ထို့အပြင်လူသားတို့၏ ပန်းတိုင်သည် ဘာသာတရားမဟုတ်ဟုရှုမြင်တတ်ကြပြီး လူသည်မွေးဖွားစဉ်ကာစတွင်မည်သည့်ဘာသာအယူဝါဒကိုကိုး ကွယ်သည်ဟုဟုတံဆိပ်တပ်ပါလာသူမျိုးမရှိပဲ မွေးဖွားရာနေရာဒေသနှင့် ပတ်ဝန်းကျင်၏သင်ကြားမှုမှတဆင့် သိနားလည်သည့်အရွယ်ရောက်လာသည့်တိုင် သူ၏မှတ်ဉာဏ်တွင်းသို့အကြောင်းအမျိုးမျိုးဖြင့်အသွတ်သွင်းခံခဲ့ရသည်ဟုသိရှိမိသူဟုတစ်မျိုးဆိုနိုင်သည် ယင်းတို့သည် မည်သည့်ဘာသာကိုမျှ ယုံကြည်ခြင်းမရှိဘဲ၊ ကမ္ဘာတွင် ရှိသည့် ဘာသာများသည် လူများမှ ဖန်တီးတီထွင်ထားခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ဘာသာအယူဝါဒအတော်များများသည် ရုပ်(ကိုယ်)ထက် နာမ်(စိတ်ဝိညာဏ်)အား ပိုအလေးထားတတ်ကြသည် ဘာသာမဲ့များမှာမူ အချို့သည်ကလည်း စိတ်သည်အဓိက ဟုမှတ်ယူတတ်ကြသူများရှိသလို အချို့လည်းရုပ်ကိုပိုဦးစားပေး၍ အချို့မှာမူ ရုပ်လည်းအဓိကမဟုတ်သလို စိတ်သည်လည်းအဓိကမဟုတ်ဟုယူဆသူအမျိုးမျိုးရှိတတ်သည် အဓိကအားဖြင့်ဘာသာမဲ့အမျိုးအစားနှစ်မျိုးရှိသည်ဟုရေတွက်နိုင်သည် ပထမတမျိုးမှာဘုရားတစ်မျိုးမျိုး(သို့)ဘုရားများအားလက်ခံမှုရှိသောဘုရားရှိဝါဒနှင့် မည်သည့် ဘုရားအမျိုးအစားကိုမျှလက်ခံသည့်သူမျိုးမဟုတ်သည့်ဘုရားမဲ့ဝါဒ ဟူ၍ဖြစ်သည် ဘုရားရှိဘာသာမဲ့များသည် ဘာသာတရားနှင့်ဘုရားသည် ငြိမ်းချမ်းမှုကိုပေးသည်ဟုလက်ခံတတ်ကြပြီး ဘုရားမဲ့ဘာသာမဲ့များသည် ဘာသာတရားနှင့်ဘုရားသည် ငြင်းခုံမှုပြုတတ်ကြပြီး ဘာသာတရားနှင့်ဘုရားသည် ငြိမ်းချမ်းမှုထက်တိုက်ခိုက်မှုကို ပို၍ဦးတည်ဟုရှုဟုမြင်တတ်ကြသည် ဥပမာအားဖြင့်ဆိုရလျင် ဘုရားပေးသောစစ်ပွဲဆိုသောအသုံးအနှုန်းမျိုးအားဆိုလိုသည် ဘာသာမဲ့များသည်ဘာသာရှိများပြန်ဖြစ်လာနိုင်သလားဟုဆိုရသော်ပထမအမျိုးအစားမှာမူ ဘာသာရှိပြန်ဖြစ်လာနိုင်သော်ငြား ဒုတိယအမျိုးအစားမှာမူ သူတို့၏ယုံကြည်မှုသည် အသက်သေးဆုံးသည့်တိုင်အောင်ခိုင်မြဲသည်ဟု သိရှိရသည် မြန်မာနိုင်ငံတွင်လည်း မိရိုးဖလာဘာသာတရားတစ်ခုခု မှခွဲထွက်လာသော ဘာသာမဲ့ဝါဒီသမား များစွာတည်ရှိလျက်ရှိသည် အဓိကမိရိုးဖလာဘာသာတစ်ခုခုမှဘာသာမဲ့ဖြစ်လာရခြင်းမှာ ရှေးရိုးစွဲဘာသာရေးသမားများနှင့် ခေတ်သစ်လူနေမှုစနစ် တို့အကြား ကွာဟချက်များ ကို ဘာသာရေးဆရာများမှ ယုတ္တိကျကျ ဖြေရှင်းပေးနိုင်ခြင်းမရှိသည့်အချက်ဖြစ် သည် တနည်းဆိုရသော် ဘာသာရေးအကြောင်းအရာများကို တိုးတက်ပြောင်းလဲလာသောခေတ်နှင့်လျော်ညီစွာကျမ်းဂန်တတ်ဘာသာရေး ဆရာ ဆိုသည်များက လက်တွေ့ကျကျ မဖြေရှင်းပေးနိုင်သောအကြောင်းအရာများကြောင့်ဟု ဆိုနိုင်သည် ထိုကြောင့်နဂိုမိရိုးဖလာဘာသာဝင်များဖြစ်သည့်လူငယ်အချို့တွင်လက်တွေ့ကျသည့်လူငယ်အချို့သည်ပုံမှန်အစဉ်အလာကိုသွေဖယ်ကာ ဖောက်ထွက်စဉ်းစားတွေးတောနိုင်သောအတွေးအခေါ်ရှိသည့် လူငယ်အချို့သည် ဘာသာမဲ့အဖြစ်သီးခြားရပ်တည်မှုပြုခဲ့ကြသည် ထိုမှစ၍ မြန်မာနိုင်ငံတွင် ဘာသာမဲ့လူငယ်များပေါ်ထွန်းမှုရှိလာခဲ့သည်

အချို့ဘာသာတရားကိုးကွယ်သူများ၏

အမြင်တွင် ဘာသာမဲ့ဝါဒီသမားများသည် မိစ္ဆာဒိငှိများဖြစ်ကြသည် ဟုပြောဆိုလေ့ရှိကြသည် ထိုစကားရပ်သည်မိမိကိုးကွယ်သည့်ဘာသာမဟုတ်ပဲ အခြားအယူဝါဒရှိသော သူများသည် မိစ္ဆာဒိငှိသာဆိုရလျှင် တစ်ကမ္ဘာ လုံးရှိ အယူမတူသည့်လူများအားလုံးသည်လည်း မိစ္ဆာဒိငှိ များသာဖြစ်နေလိမ့်မည်

  တကယ်စင်စစ်တွင်မူ ဘာသာမဲ့တော်တော်များများသည် စစ်မှန်သောလွတ်လပ်မှုကိုမြတ်နိုးသူများဖြစ်သည်
 ဘာသာရှိသူများနှင့်ဘာသာမဲ့ဝါဒီသမားတို့၏ မတူညီသည့်အမြင်နောက်တစ်မျိုးမှာ ဘာသာတရားတော်တော်များများ၏ကျမ်းဂန်များတွင်ပြငှာန်းထားသည့် တမလွန်ဘဝနှင့်ပတ်သက်သောအမြင်များဖြစ်သည်  လူသေဆုံးပြီးသည့်

အချိန်ပြီးနောက် ရောက်ရှိမည့် ဘုံဘဝ ဆိုင်ရာအမြင်အကြောင်းဖြစ်သည်

္ကမ္ဘာပေါ်ရှိဘာသာတော်တော်များများတွင်နောက်ဘဝရှိသော်လည်း ဘာသာမဲ့

ဝါဒီ တိတိကျကျဆိုရလျှင် ဒုတိယ ဘုရား မဲ့ဘာသာမဲ့ဝါဒီသမားများတွင် နောက်ဘဝဟူ၍ မရှိပေ

 ထိုသူတို့တွင် ကောင်းကင်ဘုံ(နတ်ပြည်)

လည်းမရှိသလိုမြေအောက်ဘုံ(ငရဲပြည်) လည်း မရှိပေဘဝဟူသည် သူမွေးဖွားရာ အချိန်မှစတင်ပြီးသေးဆုံးသည့်အချိန်တွင်ပြီးဆုံးသည်

ထိုကြောင့်နောက်ဘဝနှင့်ပတ်သက်၍

ဘာသာမဲ့များတွင် ဒွိဟ နှင့် စိုးရိမ်ပူပန်မှု များမရှိပေ

ဘာသာမဲ့ အမျိုးအစားများ[ပြင်ဆင်ရန်]

  1. Non-Religious= ဘာသာရေးကို လုံးဝစိတ်မဝင်စား သူ
  2. Agnostic= ဘာသာရေးက အမှန်တရားတွေ ကို လူ မသိနိုင်ဟုခံယူသူ
  3. Sceptic= ဘာသာရေးက အမှန်တရားတွေ ကို သံသယ ပွားသူ
  4. Atheist/Anti-theist= ဖန်ဆင်းရှင် ဘုရားသခင် တည်ရှိမှုကို အယုံအကြည် မရှိသူ
  5. Deist= ဖန်ဆင်းရှင် ဘုရားသခင် ကို လက်ခံ သော်လည်း ဘုရားသခင် စောင့်ရှောက်မှု ကို လက်မခံသူ
  6. Anti-Religious/Irreligious= ဘာသာရေး စံနစ်ဟူသမျှကို ဆန့် ကျင်တိုက်ခိုက်သူ
  7. Apatheist= ဘာသာရေး နှင့် လူဘဝ မသက်ဆိုင် ဟု ခံယူသူ
  8. Materialist= ရုပ် အခြေခံ ပဓာန ဝါဒီ
  9. Reductionist/Emergentist= စိတ် သည် ရုပ်မှ ဆင့် ပွားပေါ်ထွက်သည် ဟုခံယူသူ
  10. Naturalist= သဘာဝတ္တဝါဒီ
  11. Pantheist = ဘုရားသခင် နှင့် သဘာဝတရား ကို ထပ်တူပြု လက်ခံသူ
  12. Individualist= မိမိ ကိုယ်သာ ကိုးကွယ်သူ(ကိုးကားချက်လို)
  13. Ethical Egoist= မိမိ ကိုယ်ကို ဗဟိုပြုသူ
  14. Suitheist= မိမိ ကိုယ်ကို ဘုရားသခင်ဟုလက်ခံသူ
  15. Humanist= လူသား ဗဟိုပြု ဝါဒီ
  16. Ignostic= ဘာသာရေးက အမှန်တရားတွေကို တိတိကျကျ ယတိပြတ် မဆုံးဖြတ်နိုင်သူ
  17. Anti-Clerical= ဘာသာရေး အင်စတီကျုရှင်း များကို အယုံအကြည် မရှိသူ
  18. Post-Theist= ဘာသာရေးခေတ် ကုန်ုပြီဟု ခံယူသူ
  19. Constructivist= ဘာသာရေး ဟူသည် ယဉ်ကျေးမှု စနစ်ရဲ့ ထုတ်ကုန်လို့ မြင်သူ
  20. Mystic= အဆုံးစွန်အမှန်တရားဟူသည် ဘာသာရေး အင်စတီကျုရှင်း များ ကို ကျော်လွန်တည်ရှိ နေသည် ဟုခံယူသူ

ကိုးကား[ပြင်ဆင်ရန်]