ဗဟိုအာဖရိကဒေသ စံတော်ချိန်

ဝီကီပီးဒီးယား မှ

ဗဟိုအာဖရိက စံတော်ချိန်(အင်္ဂလိပ်: Central Africa Time)(CAT)သည် ဗဟိုနှင့် တောင်အာဖရိကဒေသတွင် အသုံးပြုသော အချိန်ဇုန်ဖြစ်သည်။ ဗဟိုအာဖရိကစံတော်ချိန်သည် Coordinated Universal Timeထက် နှစ်နာရီရှေ့ရောက်သောအချိန်(UTC+02:00)ကို အသုံးပြုပြီး တောင်အာဖရိက စံတော်ချိန်အီဂျစ် စံတော်ချိန်အရှေ့ဥရောပဒေသ စံတော်ချိန်ကာလင်နင်ဂရတ်ဒေသ စံတော်ချိန်နှင့် ဗဟိုဥရောပဒေသ နွေရာသီစံတော်ချိန်တို့နှင့် အတူတူပင်ဖြစ်သည်။

အီကွေတာနှင့် အပူပိုင်းဇုန်ဒေသများရှိ အချိန်ဇုန်များကဲ့သို့ပင် တစ်နှစ်ပတ်လုံးတွင် တနေ့တာအလျားသည် အနည်းငယ်များသာ ပြောင်းလဲမှုရှိသောကြောင့် နေ့အလင်းရောင်ထိန်းသိမ်းသောအချိန်ကို အသုံးပြုခြင်းမရှိပါ။

ဗဟိုအာဖရိက စံတော်ချိန်ကို အောက်ဖော်ပြပါနိုင်ငံများတွင် အသုံးပြုသည်။

အာဖရိကတိုက်ရှိ ဖော်ပြပါနိုင်ငံများတွင်လည်း တစ်နှစ်ပတ်လုံး UTC+02:00 ကို အသုံးပြုသည်။

  •  အီဂျစ် (အီဂျစ်စံတော်ချိန်ကို အသုံးပြုသည်)
  •  လီဆိုသို (တောင်အာဖရိကစံတော်ချိန်ကို အသုံးပြုသည်)
  •  လစ်ဗျား (အရှေ့ဥရောပစံတော်ချိန်ကို အသုံးပြုသည်)
  •  တောင်အာဖရိက (တောင်အာဖရိကစံတော်ချိန်ကို အသုံးပြုသည်)
  •  အဲ့စ်ဝါတီးနီ (တောင်အာဖရိကစံတော်ချိန်ကို အသုံးပြုသည်)

ဆက်လက်ကြည့်ရှုရန်[ပြင်ဆင်ရန်]