အစောင့်အရှောက်ခံနိုင်ငံ

ဝီကီပီးဒီးယား မှ

အစောင့်အရှောက်ခံနိုင်ငံ (protectorate) ဟူသည် အဓိပ္ပာယ် နှစ်မျိုးထွက်သည်။

  1. ယနေ့ခေတ်နိုင်ငံတကာတရားဥပဒေများနှင့်အညီ အင်အားကြီးနိုင်ငံကြီးတစ်ခုခုက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံငယ်တစ်ခုခုကို သံတမန်ရေးအရလည်းကောင်း၊ စစ်ရေးအရလည်း အကာအကွယ်ပေးခြင်း။ထိုသို့အကာအကွယ်ပေးခြင်းကြောင့် အပြန်အလှန်အားဖြင့် နိုင်ငံငယ်မှ နိုင်ငံကြီးထံသို့ သဘောတူညီထားသော တစ်စုံတစ်ရာကို ပြန်လည်ပေးဆောင်ရန် တာဝန်ရှိသည်။ ပေးဆောင်ရမည့် တာဝန်အတိုင်းအတာမှာ ၎င်းတို့ကြား ဆက်ဆံရေးအတိမ်အနက်ပေါ်မူတည်သည်။ သို့ရာတွင် ၎င်းနိုင်ငံငယ်များသည် နိုင်ငံ၏အချုပ်အခြာအာဏာကို နိုင်ငံတကာ တရားဥပဒေများအောက်တွင် တစ်စုံတစ်ခုသော အတိုင်းအတာထိ ပိုင်ဆိုင်ခွင့်ရရှိထားကြသည်။ ၎င်းတို့ကို ကာကွယ်ထားသောနိုင်ငံများ (protected state) ဟုလည်း ခေါ်ဆိုသည်။
  2. ဒုတိယအမျိုးအစားမှာ ၁၉ရာစုနှစ်များတွင် ဥရောပနိုင်ငံများ၏ ကိုလိုနီနယ်မြေများ ချဲ့ထွင်ကြရာမှ ဖြစ်ပေါ်လာသော အစောင့်အရှောက်ခံနိုင်ငံများ ဖြစ်သည်။ ကိုလိုနီအစော်‌့အရှောက်ခံနိုင်ငံများ (colonial protectorates) ဟုလည်း ခေါ်ဝေါ်သည်။ ၎င်းတို့သည် နိုင်ငံတကာဥပဒေအရ ကာကွယ်ထားသော သီးခြားလွတ်လပ်သည့်နိုင်ငံများ မဟုတ်ကြပေ။ နိုင်ငံတကာအစောင့်အရှောက်ခံနိုင်ငံများ (international protectorates) သည်လည်း အကာအကွယ်ပေးသော အဖွဲ့အစည်း၏လက်အောက်ခံဖြစ်သွားပြီး ၎င်းနိုင်ငံ၏ လွတ်လပ်ရေးဆုံးရှုံးသည်။


ဘယ်လ်ဂျီယမ်[ပြင်ဆင်ရန်]

ပထမကမ္ဘာစစ်ကြီးအတွင်း အာဖရိကစစ်မျက်နှာတွင် ဂျာမန်အရှေ့အာဖရိကကိုလိုနီနယ်မြေ၏ အနောက်မြောက်ပိုင်းဖြစ်သော ရွမ်ဒါ-အူရွန်ဒီ (Ruanda-Urundi) ဒေသသည် ၁၉၁၆တွင် ဘယ်လ်ဂျီယမ် နှင့် ကွန်ဂို တပ်များ၏ ကျူကျော်တိုက်ခိုက်ခြင်း ခံရပြီး ပထမကမ္ဘာစစ်ကြီး ပြီးဆုံးသည့် ၁၉၁၉ခုနှစ်အထိ သိမ်းပိုက်ထားခဲ့သည်။ ဗာဆိုင်းစာချုပ် (Treaty of Versailles) ၏ သဘောတူညီချက်အရ ဂျာမန်အရှေ့အာဖရိက (German East Africa) ကို ဗြိတိသျှတို့ထံ လွှဲပြောင်းပေးခဲ့ရသော်လည်း ဘယ်လ်ဂျီယမ်နိုင်ငံအရွယ်အစား၏ ၂ဆမျှကြီးပြီး ကွန်ဂိုနိုင်ငံ၏ ၂%ခန့်သာ ရှိသော ရွမ်ဒါ-အူရွန်ဒီ ဒေသကိုမူ ဘယ်လ်ဂျီယမ် အစောင့်အရှောက်ခံနိုင်ငံ အဖြစ် ၁၉၂၄ခုနှစ်တွင် နိုင်ငံပေါင်းချုပ်အသင်းကြီး (League of Nations) မှ အသိအမှတ်ပြုခဲ့သည်။ နောက်ပိုင်းတွင် ကမ္ဘာ့ကုလသမဂ္ဂမှ ထပ်မံအသိအမှတ်ပြုခဲ့သည်။ ၁၉၆၂တွင် ရဝမ်ဒါနိုင်ငံ နှင့် ဘူရွန်ဒီနိုင်ငံ ဟူ၍ လုံးဝလွတ်လပ်ရေး ရရှိသွားကြပြီးနောက်တွင် ဘယ်လိဂျီယမ်၏ ကိုလိုနီအင်ပိုင်ယာ သည်လည်း နိဂုံးချုပ်သွားတော့သည်။

ဗြိတိသျှ[ပြင်ဆင်ရန်]

ဗြိတိသျှအင်ပိုင်ယာ အတွင်းမှ အစောင့်အရှောက်ခံနိုင်ငံဟူသည် ဗြိတိသျှ၏ ကိုလိုနီနယ်မြေအဖြစ် တရားဝင် ကြေညာခြင်းမပြုသည်မှတစ်ပါး ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးအာဏာများသည် ဗြိတိသျှ ဘုရင်၏ လက်အောက်တွင်သာ ရှိသည်။ ဗြိတိသျှတို့တွင် အကာအကွယ်ပေးထားသောနိုင်ငံ ဟုလည်း ရှိသေးသည်။ အကာအကွယ်ပေးထားသောနိုင်ငံသည် အစောင့်အရှောက်ခံနိုင်ငံနှင့် မတူညီသည်မှာ ပြည်ပဆက်ဆံရေးတွင် ချုပ်ကိုင်ပြီး ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း မရှိပေ။ နောက်ဆုံး ဗြိတိသျှ အစောင့်အရှောက်ခံနိုင်ငံမှာ ဆော်လမွန်ကျွန်းများ နိုင်ငံ ဖြစ်ပြီး ၁၉၇၈တွင် လွတ်လပ်ရေးပေးခဲ့သည်။ နောက်ဆုံးဗြိတိသျှအကာအကွယ်ပေးထားသောတိုင်းပြည်မှာ ဘရူနိုင်းနိုင်ငံဖြစ်ပြီး ၁၉၈၄တွင် လွတ်လပ်ရေးပေးခဲ့သည်။ ဗြိတိသျှအစောင့်အရှောက်ခံနိုင်ငံများမှာ -

အမေရိကတိုက်[ပြင်ဆင်ရန်]

အာရပ်ကမ္ဘာ[ပြင်ဆင်ရန်]

တောင်နှင့်အရှေ့တောင်အာရှ[ပြင်ဆင်ရန်]

ဆာဟာရ[ပြင်ဆင်ရန်]

အိုးရှင်းနီးယား[ပြင်ဆင်ရန်]

တရုတ်[ပြင်ဆင်ရန်]

ချင်မင်းဆက် Qing Dynasty လက်ထက်တွင် အောက်ပါအစောင့်အရှောက်ခံနိုင်ငံများ ရှိခဲ့သည်။

ဒတ်ခ်ျ[ပြင်ဆင်ရန်]

ပြင်သစ်[ပြင်ဆင်ရန်]

ဂျာမန်[ပြင်ဆင်ရန်]

အီတလီ[ပြင်ဆင်ရန်]

ဂျပန်[ပြင်ဆင်ရန်]

ပေါ်တူဂီ[ပြင်ဆင်ရန်]

ရုရှား[ပြင်ဆင်ရန်]

စပိန်[ပြင်ဆင်ရန်]

ကမ္ဘာ့ကုလသမဂ္ဂ[ပြင်ဆင်ရန်]

အမေရိကန်ပြည်ထောင်စု[ပြင်ဆင်ရန်]

တွဲဖက်အစောင့်အရှောက်ခံနိုင်ငံများ[ပြင်ဆင်ရန်]