ခရစ်ယာန်ဘာသာဝင်များ

ဝီကီပီးဒီးယား မှ

“သခင်ယေရှုကို ခရစ်တော်အဖြစ်ယုံကြည်သက်ဝင်သူ (သို့) သခင်ယေရှု၏သွန်သင် သောတရားကို လိုက်လျှောက်သောသူ ” တို့ကို ခရစ်ယာန်ဖြစ်သည်ဟု Webster’s Dictionary က အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ခရစ်ယာန်ဟူသည် မည်သို့သောအရာဖြစ်သည် ဟူသောအချက်မှ အစ ပြုရန်အလွန်သင့်တော်သည်။ သို့မဟုတ် တခြားလောကီပိုင်းဆိုင်ရာ အနက်ဖွင့်သည်နည်းတူ ခရစ် ယာန်ဟူသောစကားလုံးကို သမ္မာတရားဖော်ပြချက်နှင့် မကိုက်ညီပဲမှားယွင်းစွာ ဖော်ပြနိုင်သည်။

ခရစ်ယာန်ဟူသောစကားလုံးကို ဓမ္မသစ်ကျမ်းထဲတွင် သုံးကြိမ်တိုင်တိုင်တွေ့ရှိနိုင်သည်။ (တ၊ ၁၁:၂၆၊ ၂၆:၂၈၊ ၁ပေ၊ ၄:၁၆)။ သခင်ယေရှု၏နောက်လိုက်တပည့်တော်တို့၏ အကျင့်စရိုက်၊ အပြုအမူ၊ အပြောအဆိုတို့သည် ခရစ်တော်နှင့်တူသောကြောင့် အန္တိအုတ်မြုံ့တွင် သူတို့ကို “ ခရစ်ယာန်များ “ ဟုပထမအကြိမ်ခေါ်ခဲ့သည် (တ၊ ၁၁:၂၆)။ မယုံကြည်သူတို့က ယုံကြည်သူတို့ကို နောက်ပြောင် သောသဘောမျိုးဖြင့် ခရစ်ယာန်များဟု ခေါ်ခြင်းဖြစ်သည်။ ၎င်း၏အဓိပ္ပာယ်သည် “ ခရစ်တော်ပိုင်ဆိုင် သောအဖွဲ့ ” သို့ “ ခရစ်တော်၏ နောက်လိုက်သူများ ” ဖြစ်သည်။ ၎င်းသည် Webster’s Dictionary ထဲတွင် ဖော်ပြထားသော အနက်ဖွင့်ဆိုချက်နှင့် ညီညွှတ်သည်။