ဘာရသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ်-ဥပါဒါနက္ခန္ဓာ-ဟူသော“ဝန်”၊ နာမည်, အနွယ်, ပုဂ္ဂိုလ်ဟူသော “ဝန်ဆောင်သမား” တပ်မက်မှု နှစ်သက်စွဲမက်မှု၊ ထိုထိုဖြစ်ရာအာရုံကို နှစ်သက်မှု “တဏှာ”ဟူသော ဝန်ယူရကြောင်း၊ တဏှာ၏ အကြွင်းမဲ့ကင်းဖြတ်ချုပ်ငြိမ်းခြင်း၊ စွန့်ခြင်း၊ မငြိကပ်ခြင်း၊ လွတ်မြောက်ခြင်း-မတွယ်တာခြင်း-ဟူသော “ဝန်ချ ထားခြင်း”ဟူသော လေးမျိုးတို့ကို ရဟန်းတို့အား ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များရှိပါသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၂၊၂၁-၂။ သံ၊မြန်၊၂၊၂၁-၂။ သံ၊ဋ္ဌ၊၂၊၂၄၃။ သံ၊ဋီ၊၂၊၂၁၃-၄။ -သံယုတ္တနိကာယ၊ ခန္ဓဝဂ္ဂသံယုတ္တ၊ ၁-ခန္ဓသံယုတ္တ၊ ၃-ဘာရဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ