ဘလူးစတား စစ်ဆင်ရေး

ဝီကီပီးဒီးယား မှ
ဘလူးစတား စစ်ဆင်ရေး
ဘလူးစတား စစ်ဆင်ရေး အပြီး ဆူပူသောင်းကြမ်းမှုများ
ရက်စွဲ၁ ဇွန် ၁၉၈၄ (၁၉၈၄-၀၆-၀၁) – ၁၀ ဇွန် ၁၉၈၄ (၁၉၈၄-၀၆-၁၀) (၉ ရက်)
နေရာ အိန္ဒိယ၊ ပန်ဂျပ်ပြည်နယ် (en:Punjab, India)၊ အမ်မရစ်ဆာမြို့၊ ဆစ်ခ်ရွှေကျောင်းတော် (အမ်မရစ်ဆာတိုက်‌ကြီး ဟုလည်းခေါ်ကြ) (en:Golden Temple) တည်နေရာအတိအကျမှာ ကိုဩဒိနိတ် (31°37′12″N 74°52′35″E / 31.62000°N 74.87639°E / 31.62000; 74.87639ကိုဩဒိနိတ်: 31°37′12″N 74°52′35″E / 31.62000°N 74.87639°E / 31.62000; 74.87639) (မြေပုံကြည့်ရန်)
ဆစ်ခ်ရွှေကျောင်းတော် နံနက်ခင်းမြင်ကွင်း (ရေကန်ကျယ်ပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်)
ငြိမ်းချမ်းပြီးနောက် ပြုပြင်မှုများအပြီး ညအချိန်မြင်ကွင်း
ရလဒ်
  • အိန္ဒိယတပ်ဖွဲ့များ အနိုင်ရရှိ
  • ဆစ်ခ်သပုန်အများစု ပြိုကွဲကျရှုံး
  • ဆစ်ခ်ဗိုလ် ဂျာနေး ဆင့်ဂ် ဘင်ဒရမ်ဝေးလ်အပါအဝင် သပုန်များ အသတ်ခံရ၍ ကျဆုံး
  • စစ်ဆင်ရေးအပြီး အင်ဒီရာ ဂန္ဒီ လုပ်ကြံခံရ၍ သေဆုံး
  • ရာဂျစ် ဂန္ဒီ ဝန်ကြီးချုပ် ဖြစ်လာ
  • နိုင်ငံရေးအပြောင်းအလဲများစွာဖြစ်ပေါ်
စစ်ဆင်ရေးအပြီး မယုံနိုင်လှအောင် အင်မတန်ပြောင်းလဲသွားသော နိုင်ငံရေးကြီး (နယ်ပိုင်းမဲရ ပါတီများ၏ မြေပုံ) (ယခင်က ကွန်ဂရက်ပါတီမှ မဲများသာသော်လည်း ဘီဂျေပီမှ မဲအသာရနေ)
နယ်နမိတ်
ပြောင်းလဲမှုများ

နယ်နိမိတ်‌အပြောင်းအလဲများစွာ မရှိခဲ့သော်လည်း ပုန်ကန်နေသည့် ဆစ်ခ်သပုန်တို့အား ကောင်းစွာထိန်းချုပ်နိုင်ခဲ့သည်

ပါကစ္စတန် နယ်စပ်အနီးရှိ ဆစ်ခ်ပြည်နယ် (ထိန်းကိုင်ရန် ခက်ခဲသည့် ပြည်နယ်ထဲ၌ တစ်ခုအပါအဝင်) အညွှန်း - အဖြူမျဉ်းဖြင့်ကာရံထားသည့် အတွင်းနယ်နိမိတ်သည် မြို့နယ်များ၊ လက်ဝဲမှ အဖြူဖျော့သည် ပါကစ္စတန်၊ အပေါ်လက်ယာမှ အနီဖြင့်ပြထားသော ပန်ဂျပ်ပြည်နယ်
အမ်မရစ်ဆာမြို့ကို ပန်ဂျပ်မြေပုံမှ တွေ့ရပုံ (အနီဖြင့်ပြထား)
စစ်တိုက်အဖွဲ့အစည်းများ

အိန္ဒိယနိုင်ငံ အိန္ဒိယတပ်မ‌တော်

ဆစ်ခ်သပုန်တပ်

အသေအပျောက်
စစ်ဘက် သေဆုံးမှု
၈၄ ဦး
အရပ်ဘက် သေဆုံးမှု
မရှိခဲ့ (၀ ဦး)
စုစုပေါင်း သေဆုံးမှု
၈၄ ဦး
စစ်ဘက် သေဆုံးမှု
၇၀၀ ခန့်
အရပ်ဘက် သေဆုံးမှု
၅၅၄ ကျော်
စုစုပေါင်း သေဆုံးမှု
၁၂၅၄ ကျော်ခန့်

ဘလူးစတား စစ်ဆင်ရေး သို့မဟုတ် အော်ပရေးရှင်း ဘလူးစတား (အင်္ဂလိပ်: Operation Blue Star, ဟန္ဒီ: 'ऑपरेशन ब्लू, အင်္ဂလိပ် အာတီကယ်: en: Operation Blue Star; ဇွန် ၁ ၁၉၈၄ - ဇွန် ၁၀ ၁၉၈၄) သည် ပန်ဂျပ်ပြည်နယ် (en:Punjab, India)ရှိ အမ်မရစ်ဆာမြို့၌ အခြေချနေထိုင်ကြသော ဆစ်ခ်လူမျိုးများနှင့် ဆစ်ခ်သပုန်တို့ကို အိန္ဒိယတပ်ဖွဲ့မှ တားဆီးတိုက်ခိုက်ခဲ့သော ၁ ပတ် နှင့် ၂ ရက် ကြာမြင့်ခဲ့သည့် စစ်ပွဲတစ်ခုနီးပါးရှိသည့် စစ်ဆင်‌ရေးဖြစ်သည်။ ခေတ်‌ပေါ်အိန္ဒိယသမိုင်း၏ အမှောင်အမဲဆုံး၊ အနက်ရှိုင်းဆုံး အချိန်ကာလကြီးဟု ဆိုနိုင်သည်။

စစ်ဆင်ရေးအတွင်း ဖြစ်ပျက်ခဲ့သမျှ[ပြင်ဆင်ရန်]

အာဏာသက်တမ်းတိုးမြှင့်မှု (en:The Emergency (India))အပြီး နောင်နှစ်အနည်းငယ်၌ ဖက်ဆစ်ဝါဒ အလေးထား၍ ပုန်ကန်နေသည့် ဆစ်ခ်သပုန်တို့၏ ဘုရင်ဟုခံယူထားသူ ဂျာနေး ဆင့်ဂ် ဘင်ဒရမ်ဝေးလ် (en:Jarnail Singh Bhindranwale) ကိုပစ်မှတ်ထား၍ စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယင်းစစ်ဆင်‌ရေးတွင် ပန်ဂျပ်ပြည်နယ်တွင်တည်ရှိသည့် ဆစ်ခ်ဘာသာ၏ အဓိကအသည်းနှလုံးဖြစ်‌သည့် အမ်မရစ်ဆာမြို့ရှိ ဆစ်ခ်ရွှေကျောင်းတော်ကိုဖျက်ဆီးခဲ့ရပြီး အ‌‌မွေအနှစ်များစွာ ပျက်စီးဆုံးရှုံးခဲ့သည်။ အကျိုးဆက်အနေဖြင့် ဂျာနေးအပါအဝင် အပြစ်မဲ့ပြည်သူစုစုပေါင်း ၅၅၄ နှင့် စစ်သား ၈၄ ဦးသေဆုံးခဲ့သည်။ အကြမ်းဖက်သပုန်ခေါင်းဆောင်များလည်း အသတ်ခံခဲ့ရသည်။ ၂၄၉ ဦး ဒဏ်ရာရခဲ့သည်။

စစ်ဆင်ရေးအတွင်း ဒုက္ခများ
ဆစ်ခ်ပြတိုက်တစ်ခုမှ ပုံရိပ်များ

လက်နက်များနှင့် တိုက်ခိုက်ပုံအဆင့်ဆင့်[ပြင်ဆင်ရန်]

ဆစ်ခ်သပုန်များ ပိုင်ဆိုင်သည့် လက်နက်များတွင် တရုတ်လုပ် ဒုံးပျံပစ်လောင်ချာများနှင့် လက်နက်ခဲယမ်းများ ပါဝင်သည့် ပစ်ခတ်နိုင်စွမ်းကို အိန္ဒိယစစ်တပ်က လျှော့တွက်ထားသည်။ သန့်ရှင်းသော၊ ဆစ်ခ်ဟိုလီနေရာပျက်စီးမှုကို ရှောင်ရှားရန်မျှော်လင့်ချက်ဖြင့် တတ်နိုင်သမျှ အိန္ဒိယတပ်ဖွဲ့များသည် ဘုရားကျောင်းအား အပေါ့စားလက်နက်များအသုံးပြု၍ တိုက်ခိုက်ခြင်းတွင် မအောင်မြင်သော်လည်း တင့်ကားများ၊ ရဟတ်ယာဉ်များနှင့် အမြောက်များအပါအဝင် ခိုင်ခံ့သောဆစ်ခ်စစ်သွေးကြွများကို ဖယ်ရှားရန် လျင်မြန်စွာအသုံးပြုခဲ့သည်။ တိုက်ပွဲသည် ရှည်လျားသော မြို့ပြစစ်ပွဲအဖြစ် ပြောင်းလဲခဲ့ပြီး အိန္ဒိယတပ်ဖွဲ့များသည် မြေပြင်ကို ဖြည်းဖြည်းချင်း ရယူနိုင်ရန် အရေးပါသော တပ်ဖွဲ့များကို လုပ်ဆောင်ခဲ့သည်။ နောက်ဆုံးတွင် ဆစ်ခ်စစ်သွေးကြွများသည် ၎င်းတို့၏ ခဲယမ်းမီးကျောက်အများစုမှာ ဇွန် ၆ ရက်တွင် ကုန်သွားခဲ့သဖြင့် ဇွန် ၁၀ ရက်တွင် တိုက်ပွဲများ အကြီးအကျယ် ရပ်တန့်သွားကာ ယင်းနေရာအား အိန္ဒိယတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ အိန္ဒိယအစိုးရသည် ဘုရားကျောင်းအတွင်း ပိတ်မိနေသော ဘုရားဖူးများကို လူသားဒိုင်းအဖြစ် အသုံးပြုကာ ဆစ်ခ်စစ်သွေးကြွများ သေဆုံး‌စေခြင်းဖြစ်သည်ဟု စွပ်စွဲထားခဲ့ကြသည်။ သို့သော်လည်း အိန္ဒိယ တပ်ဖွဲ့ဝင်များသည် အထဲမှာ အရပ်သားများ ရှိနေကြောင်း သတိပြုမိကြပြီး ကိုးကွယ်သူ အများအပြား ရှိနေသည့် ဂုရု အာဂျွန် ဒေဝ (en:Guru Arjan)၏ ဆစ်ခ်ဘာသာရေးနေ့တွင် စတင်ခဲ့သည်။ စစ်ဆင်ရေးအတွင်း အရပ်သားအများအပြားကို စစ်တပ်က တရားလက်လွတ် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

စစ်ဆင်ရေးမပြုလုပ်ခင် ပြင်ဆင်‌နေကြသည့် စစ်သားများ

ကွန်မန်ဒါကြီးများ[ပြင်ဆင်ရန်]

   = စစ်ဆင်ရေးအတွင်း သေဆုံးကြောင်း အမှတ်အသား 

အိန္ဒိယနိုင်ငံ အိန္ဒိယတပ်မတော် -

မှတ်ချက်။ ။ ထိုစဉ်က ဗြိတိသျှနန်းရင်းဝန် မာဂရက် သက်ချာ လက်ထက်  ယူနိုက်တက်ကင်းဒမ်း မှလည်းကူညီထောက်ပံ့မှုများရှိခဲ့

(Indian Army.1) အိန္ဒိယတပ်မတော် ကိုယ်စားပြု ကွန်မန်ဒါ - ဗိုလ်ချုပ် ပဒ်မာဘီဗူရှန် (en:Padma Vibhushan ဘွဲ့တံဆိပ်ရ) အာရွန်းန ရှရီဒါ ဗေဒရာ (en:Arun Shridhar Vaidya) (စစ်ဆင်ရေးကို အိန္ဒိယတပ်မတော်ဘက်သားအဖြစ် ဖိဖိညိညိအောင်နိုင်အောင် ခေါင်းဆောင်ပြုလုပ်ခဲ့ကာ စစ်ဆင်ရေးအပြီး ၂ နှစ်အကြာ၊ ၁၉၈၆ ခုနှစ် တွင် ဆစ်ခ်လူမျိုးတို့၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရ)

ဆစ်ခ်သပုန်တပ် -

(Siks Milliants.1) ဆစ်ခ်သပုန်တပ်၏ ပထမအဆင့် ကွန်မန်ဒါ - ဂျာနေး ဆင့်ဂ် ဘင်ဒရမ်ဝေးလ်  (en:Jarnail Singh Bhindranwale) (ဆစ်ခ်သပုန်တပ်ကို အင်အားတောင့်အောင်ပြုလုပ်ကာ တော်လှန်ပုန်ကန်ခဲ့သည့် သပုန်ခေါင်းဆောင်)

ပိုမို -

ကာလီစတန်ဆန့်
ဂျာနေး ဆင့်ဂ် ဘင်ဒရမ်ဝေးလ်
မွေးဖွားဂျာနေး ဆင့်ဂ် ဘရမ်ရန် (မူရင်းမွေးနာမည်)
(၁၉၄၇-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၀"။-၀၂)၂ ဇွန်၊ ၁၉၄၇
ရိုဒီမြို့၊ ပန်ဂျပ်ပြည်နယ် (en:Punjab, India)
ကွယ်လွန်၆ ဇွန်၊ ၁၉၈၄(၁၉၈၄-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၀"။-၀၆) (အသက် ၃၇)
ပန်ဂျပ်ပြည်နယ် (en:Punjab, India)၊ အမ်မရစ်ဆာမြို့၊ ဆစ်ခ်ရွှေကျောင်းတော် (en:Golden Temple) အနီး (ပစ်ခတ်ခံရ၍ ဒဏ်ရာရ သေဆုံး)
နိုင်ငံလူမျိုးအိန္ဒိယလူမျိုး (ဆစ်ခ်တိုင်းရင်းသား)
အခြား အမည်များမရှိ
အလုပ်အကိုင်တရားဟောဆရာ၊ ဆစ်ခ်သပုန်ခေါင်းဆောင်
တက်ကြွလှုပ်ရှားနှစ်များ၁၉၈၀ - ၁၉၈၄ ခုနှစ်ပတ်ဝန်းကျင်
ကျော်ကြားမှုအရင်းခံဗဟိုအစိုးရအား တော်လှန်ပုန်ကန်ရေး ထကြွလှုပ်ရှားခြင်း
ထင်ရှားသည့်
လုပ်ဆောင်မှု
ဆစ်ခ်သပုန်တပ်အား စစ်သည်အင်အား တိုးချဲ့ခြင်း၊ ဆစ်ခ်ခွဲထွက်ရေးကို အောင်မြင်လုနီးပါး ဆောင်ရွက်ခြင်း

(Sikhs Milliants.2) ဆစ်ခ်သပုန်တပ်၏ ဒုတိယအဆင့် ကွန်မန်ဒါ - ရှာဘက် ဆင့်ဂ်  (en:Shabeg Singh) (အိန္ဒိယတပ်မတော်မှ တာဝန်ရှိ ဆစ်ခ်လူမျိုးအရာရှိတစ်ဦးဖြစ်‌သော်လည်း နောင်တွင် ဆစ်ခ်သပုန်တပ်သို့ ဝင်ခဲ့သူ)

ပိုမို -

ဗိုလ်ချုပ်
ရှာဘက်ဆင့်ဂ်
ပီဗွီအက်စ်အမ် (PVSM)၊ အေဗွီအက်စ်အမ် (AVSM)
မွေးဖွား၁ မေ ၁၉၂၄
ခန်လီရာ ခါလီရာ၊ အမ်မရစ်ဆာမြို့၊ ပန်ဂျပ်ပြည်နယ် (en:Punjab, India)၊ ဗြိတိသျှ ရာဇ (ကိုလိုနီကာလအတွင်း)
ကွယ်လွန်၆ ဇွန်၊ ၁၉၈၄(၁၉၈၄-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၀"။-၀၆) (အသက် ၆၀)
ပန်ဂျပ်ပြည်နယ် (en:Punjab, India)၊ အမ်မရစ်ဆာမြို့၊ ဆစ်ခ်ရွှေကျောင်းတော် (en:Golden Temple) အနီး (ပစ်ခတ်ခံရ၍ ဒဏ်ရာရ သေဆုံး)
အမှုထမ်း ကာလ၁၉၄၂ ခုနှစ် - ၁၉၇၇ ခုနှစ် (အိန္ဒိယတပ်မတော်အတွက်)၊ ၁၉၈၄ ခုနှစ် (ဆစ်ခ်သပုန်တပ်အတွက်)
ရာထူးအဆင့်ဗိုလ်ချုပ် အဆင့်အထိ တိုးမြှင့်ရရှိ
တိုက်ပွဲ/စစ်ပွဲများဒုတိယ ကမ္ဘာစစ်၊ အင်ဒိုပက် စစ်ပွဲများ၊ဘလူးစတား စစ်ဆင်ရေး
ဆုတံဆိပ်များ ပါရမ် ဝိရှိရှက် စေဗ တံဆိပ် (en:Param Vishisht Seva Medal)
အာတီ ဝိရှိရှက် စေဗ တံဆိပ် (en:Param Vishisht Seva Medal)

ကွန်မန်ဒါ ဟူသည့် ဝေါဟာရအတွက် ရှင်းလင်းချက်

ဒုတိယ ကမ္ဘာစစ် ကွန်မန်ဒါများ

မပြီးသေးသော ပန်းချီကားတစ်ချပ်[ပြင်ဆင်ရန်]

အင်ဒီရာ ဂန္ဒီ လုပ်ကြံခံရခြင်း[ပြင်ဆင်ရန်]

ခေါင်းစဉ်နှင့် ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက (en:Assassination of Indira Gandhi) ကိုဝင်ရောက်ကြည့်ရုနိုင်သည်။

ကိစ္စများက မပြီးဆုံးသေးပေ။ ထို့အပြင် အောက်တိုဘာ ၃၁ ၁၉၈၄ တွင် အိန္ဒိယဝန်ကြီးချုပ် အင်ဒီရာ ပရိယာဒါရှီနီ ဂန္ဒီ ကိုလည်း အစောင့်တပ်မှ သူမ၏ သက်‌တော်စောင့်ဆစ်ခ်နှစ်ဦးက နယူးဒေလီမြို့ရှိ ဝန်ကြီးချုပ်နေအိမ် (ယခု အင်ဒီရာ ဂန္ဒီ မယ်မိုရီယမ် ပြတိုက်) ၌ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည်။

အင်ဒီရာ ဂန္ဒီ လုပ်ကြံခံရသည့် စင်္ကြံလမ်း
နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် အတိတ်ကာလက လုပ်ကြံခံရပြီး တမလွန်သို့ကူးပြောင်းသွားသော ယောက္ခမဖြစ်သူ၏ အုတ်ဂူကို အရိုအသေပြုနေသော ‌ချွေးမ (ဆိုနီယာဂန္ဒီ)

နိုင်ငံရေးအမွေခံ[ပြင်ဆင်ရန်]

သူမ၏သေဆုံးမှု ဖြစ်ပွားပြီးသည်နှင့် ၂ လ ကြာ‌သောအခါ ဒီဇင်ဘာလတွင် တစ်ပြိုင်နက်တည်း သူမ၏သားဖြစ်သူ ရာဂျစ် ဂန္ဒီ သည် အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာသည်။ နောင်မကြာမီနှစ်များတွင်လည်း ရာဂျစ် ဂန္ဒီ ကို တောင်ပိုင်းရှိ တမီးလ်နာဒူပြည်နယ်၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုပြုလုပ်နေစဉ် ယင်းပြည်နယ်နေ ဆန့်ကျင်သော တိုင်းရင်းသားတို့က ဗုံးဖြင့် လုပ်ကြံခဲ့ကြပြန်သည်။ ထိုဖြစ်စဉ်၌ ရာဂျစ်သာမက လူများစွာသေဆုံးခဲ့သည်။ ရာဂျစ်၏ သေဆုံးမှုအပြီး ကွန်ဂရက်ပါတီသည် နိုင်ငံကို လွှမ်းမိုးနိုင်ခြင်းမရှိတော့ပေ။

မိခင်သေဆုံးပြီး သူမ၏ကျန်ရစ်သော ရာထူးကို ရယူ၍ ဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်နေပုံ (လက်ဝဲမှ သမ္မတ၊ လက်ယာမှ ဝန်ကြီးချုပ်)
ရာဂျစ် ဂန္ဒီကို နယူးယောက်မြို့ကမ္ဘာ့ကုလသမဂ္ဂ မိန်းအဆောက်အအုံ၌ မိန့်ခွန်းပြောစဉ်တွေ့ရပုံ (ဇွန်လ၊ ၁၉၈၈ ခုနှစ်)

နောက်ဆက်တွဲ[ပြင်ဆင်ရန်]

ထိုကဲ့သို့ လူအစုလိုက်‌ အသတ်ခံရမှုကြီးသည် အိန္ဒိယနိုင်ငံရေးကို တိတ်တဆိတ် မသိမသာ‌ဖြင့် ကြီးကြီးမားမား ပြောင်းလဲစေခဲ့သည့် ပြင်းထန်သော ရိုက်ချက်တစ်ခုဟု ဆိုနိုင်သည်။ ယင်းကိစ္စသည် ဂျဝါဟာလာ နေရူး၏ အိန္ဒိယအမျိုးသားကွန်ဂရက် (en:Indian National Congress)ပါတီဝင် နိုင်ငံရေးမျိုးဆက်တို့၏ အစဉ်အဆက် ရာဇဝင်ကောင်းခဲ့ပုံကို သဲထဲရေသွန်ဖြစ်စေခဲ့သည့် အလွန်လွဲမှားသည့် လွဲချော်မှုကြီးသာဖြစ်သည်။ ယခုအချိန်အထိ အချို့က မည်သူ မှန်သည်၊ မှားသည်ကို အငြင်းပွားနေကြဆဲဖြစ်သည်။

ခေတ်သစ် ကွန်ဂရက်မျိုးဆက်များနှင့် ပြည်သူလူထု
အင်ဒီရာ ဂန္ဒီ နှင့် ထိုအချိန်က အမေရိကန်သမ္မတကြီး ဖြစ်သော ရော်နယ် ရေဂင်တို့ကို အိမ်ဖြူတော်၌ တွေ့ရစဉ်
အစာပြေစားနေသည့် ဂျဝါဟာလာ နေရူး နှင့် သူ၏သမီး အင်ဒီရာ ဂန္ဒီ (၁၉၆၁ ခုနှစ်၊ en:Disneyland ၌တွေ့ရစဉ်)

ကနေဒါနှင့် လက်ရှိအခြေအနေ[ပြင်ဆင်ရန်]

ပြဿနာအရင်းအမြစ်[ပြင်ဆင်ရန်]

ကိစ္စများက သွေးအေးသွားပြီးဖြစ်သော်လည်း မကြာသေးမီကမှ ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး နှင့် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာ (en:S. Jaishankar) တို့အကြား တင်းမာမှုများ ဖြစ်‌ပွားနေလျက်ရှိသည်။ အကြောင်းမှာ အင်ဒီရာ ဂန္ဒီ၏ သေဆုံးမှုကို နှစ်ပတ်လည်အနေဖြင့် ကနေဒါရောက် ဆစ်ခ်တို့က ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဤကဲ့သို့ ထူးချွန်သည့် အမျိုးသမီးကြီးတစ်ဦး၏ ‌ဆုံးပါးခြင်းကို ‌‌ရယ်ရွှင်ဟာသပြုကာ ဆင်နွှဲခြင်းကို က‌‌နေဒါအစိုးရဘက်မှ ခွင့်ပြု‌ထားသဖြင့် နှစ်နိုင်ငံကြား မုန်းတီးမှုများဖြစ်‌နေသည်။ ကနေဒါမှလည်း ဆစ်ခ်တို့ကို ဝေးခြမ်းမှုများ ပြုလုပ်နေလျက်ရှိသည်။ က‌‌နေဒါအစိုးရက ဆစ်ခ်အခွင့်အရေးကို လိုလားကြောင်း အိန္ဒိယအစိုးရထံ ဝင်ရောက်ပြောဆိုနေကြသည်။

အိန္ဒိယနိုင်ငံရေးသမားတစ်ဦး၏ သုံးသပ်ချက်[ပြင်ဆင်ရန်]

စစ်ဆင်ရေးပြီးကတည်းက ကနေဒါမှာ ဆစ်ခ်လူမျိုးတွေ ပြောင်းရွေ့ကုန်ကြပြီး ကနေဒါအစိုးရကိုအခွန်တွေအများကြီးပေးတာ၊ လုပ်ကျွေးပြုစု‌နေတာတွေ ပြုလုပ်ခဲ့တာကြောင့် သူတို့က သူတို့နယ်မြေထဲမှာဆက်လက်ထားလိုတာကြောင့် ဒီလိုမဆိုင်ဘဲဝင်ရောက်ပါဝင်နေတာဖြစ်လိမ့်မယ်။
ကနေဒါ ရှိဆစ်ခ်များ

ဝေခြမ်းခြင်းဆိုင်ရာ မြေပုံ[ပြင်ဆင်ရန်]

၂၀၂၁ ခုနှစ် ကောက်တမ်း - ကနေဒါနိုင်ငံ၏ ဆစ်ခ်လူမျိုးတို့ကို ဝေးခြမ်းပေးသည့် ပမာဏ (ခရမ်းရင့်လေ ပမာ‌ဏပိုများလေ)

ကိုးကား[ပြင်ဆင်ရန်]

အင်္ဂလိပ် ဝီကီပီးဒီးယား (en:Operation Blue Star အာတီတယ်) နှင့် အခြားသော စာအုပ်၊ အထောက်အထားများ မှတစ်ဆင့် ကိုးကားထားပါသည်။ ဆစ်ခ်တော်လှန်ရေးစာအုပ်များ၊ ဆစ်ခ်ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုမှ ထုတ်လုပ်သည့် "ကောမ်ဒီးဟဲလ်" (en:Kaum De Heere) အမည်ရ ဆစ်ခ်တို့၏ ငရဲခန်း၌ ခံစားရပုံကို ရိုက်ကူးထားသည့်ရုပ်ရှင်ဇာတ်ကားကြီး မှလည်း မှီငြမ်းထားခြင်းများရှိပါသည်။

- သုထက်ဇော်