ဆစ်ခ်ဘာသာ

ဝီကီပီးဒီးယား မှ

ဘာသာတရား
ဆစ်ခ်ဘာသာ Khanda

သမိုင်း
ဆရာ (အစရိယ)
အယူဝါဒ
ဂိုဏ်းများ
နိုင်ငံနှင့်ဒေသများ

ဆစ်ခ်ဘာသာသည် ၁၅ရာစုအတွင်း အိန္ဒိယနိုင်ငံ ပန်ဂျပ်ဘ်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော ကိုးကွယ်ယုံကြည်ရာ ဘာသာတစ်ခု ဖြစ်သည်။ စတင်တည်ထောင်ခဲ့သူမှာ ဂုရု နာနာ့ဗ် ဒပ်ဗ် ဖြစ်ပြီး သူမှစ၍ နောက်ထပ် ဂုရု ၁၀ ယောက်တိုင်အောင် တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ဆစ်ခ်ဘာသာ ဆိုင်ရာ နောက်ဆုံးဟောပြောခဲ့သူမှာ ဂုရုဂိုဘင်ဒ် ဆင်းဂ်ဖြစ်ပြီး ဆက်လက်၍ ကိုးကွယ်ရန် ဘာသာရေးကျမ်းမြတ်ဖြစ်သော ဂုရု ဂရန့် ဆာဟစ် ဂျီ အား ဂုရုအဖြစ်တင်မြှောက်ခဲ့သည်။ ကမ္ဘာပေါ်တွင် ပဉ္စမမြောက် ကိုးကွယ်သူ အများဆုံး ဘာသာတရား ဖြစ်ပြီး ကိုးကွယ်သူပေါင်း သန်း ၃၀ ကျော် ရှိသည်။ အိန္ဒိယနိုင်ငံ ပန်ဂျပ်ဘ်ပြည်နယ်မှာ ကမ္ဘာပေါ်တွင် ဆစ်ခ်ဘာသာ ကိုးကွယ်သူ အများဆုံး ဒေသ ဖြစ်သည်။

ဆစ်ခ်ဘာသာဝင်တို့ အနေနှင့် သူတော်စင် စစ်သည်တော် စိတ်ဓာတ်ရှိရမည်ဟု ပြဋ္ဌာန်းထားသည်။ လူတစ်ယောက်အနေနှင့် မိမိတို့ ကိုယ်အတွင်းမှ မကောင်းမှုများကို မိမိဘာသာ ထိန်းချုပ်နိုင်ရမည်ဖြစ်ပြီး ဂုရု ဂရန့် ဆာဟစ်မှ ရှင်းလင်း ဟောကြားခဲ့သော စင်ကြယ်မှုများနှင့် ဖြည့်ဆည်းနိုင်အောင် ကြိုးစားရမည်ဟု ပြဋ္ဌာန်းထားသည်။ ဆစ်ခ်တို့အနေနှင့် မတရားသဖြင့် ဖိနှိပ်ခံရသူတို့ အား ဘာသာမရွေး၊ အသားအရောင်မရွေး၊ ဇာတ်နိမ့် ဇာတ်မြင့် မရွေး၊ ယုံကြည်သက်ဝင်မှု မရွေး မည်သူ့အား ဖြစ်စေ အကာအကွယ် ပေးနိုင်ရန် အတွက် သတ္တိရှိရမည်ဟု ပြဋ္ဌာန်းထားသည်။

ဂုရု (၁၀) ပါး[ပြင်ဆင်ရန်]

  1. ဂုရု နာနာ့ဗ် ဒပ်ဗ် (Guru Nanak Dev )
  2. ဂုရု အမ်မား ဒေ့စ် (Guru Amar Das )
  3. ဂုရု အန်ဂဒ် ဒပ်ဗ်(Guru Angad Dev )
  4. ဂုရု ရံမ် ဒေ့စ် (Guru Ram Das )
  5. ဂုရု အာဂျန် ဒပ်ဗ် ( Guru Arjan Dev )
  6. ဂုရု ဟား ဂိုဘင်ဒ် (Guru Har Gobind )
  7. ဂုရု ဟား ရား (Guru Har Rai)
  8. ဂုရု ဟား ခရီရှန်း (Guru Har Krishan)
  9. ဂုရု ဒန်းဂ် ဗဟာဒူး (Guru Tegh Bahadur)
  10. ဂုရု ဂိုဘင်ဒ် ဆင်းဂ်(Guru Gobind Singh )
  11. ဂုရု ဂရန့် ဆာဟစ် (Guru Granth Sahib)

ဆစ်ခ်ဘာသာမှ ပညတ်ချက်များ[ပြင်ဆင်ရန်]

  1. ဆံပင်ဖြတ်ခြင်းမှ ရှောင်ကြဉ်ရာ၏ : ဘုရားသခင်၏ တုနှိုင်းမဲ့ဖန်တီးမှုကို လေးစားသောအားဖြင့် မိမိတို့ ဆံပင်ကို ဖြတ်ညှပ်ခြင်းမပြုပဲ သဘာဝအတိုင်းသန့်ရှင်းစွာ မွေးမြူရာ၏။
  2. မူးယစ်သေစာသုံးစွဲခြင်းမှ ရှောင်ကြဉ်ရာ၏: အရက်သေစာသောက်စားခြင်း၊ မူးယစ်ဆေး၊ ဆေးရွက်ကြီးနှင့် ဆစ်ခ်ဘာသာတရား၏ "ဆစ်ခ် ရာဟစ် မာယာဒါ"[၁]အရ တားမြစ်ထားသော အခြားသောမူးယစ်စေတတ်သောအရာမှန်သမျှကို ရှောင်ကြဉ်ရာ၏။
  3. အသားစားခြင်းမှ ရှောင်ကြဉ်ရာ၏ : ရှင်ပြုပြီးသည်ဖြစ်စေ၊ မပြုရသေးသည်ဖြစ်စေ၊ ဆစ်ခ်လူမျိုးတိုင်းသည် အသားစားခြင်းမှ (အထူးသဖြင့် ဟလာ နည်းဖြင့် လည်လှီးသတ်ဖြတ်ထားသော အသားများ)ကို ရှောင်ကြဉ်ရာ၏။[၂]

မှတ်စုများ[ပြင်ဆင်ရန်]



  1. HS Singha (2009), The Encyclopedia of Sikhism, Hemkunt Press, ISBN 978-8170103011, page 63
  2. Sikhs and Sikhism, Dr. I.J.Singh, Manohar Publishers.ISBN 978-8173040580