မာတိကာသို့ ခုန်သွားရန်

ဟာဖစ်အာဆတ်

ဝီကီပီးဒီးယား မှ
(ဗိုလ်ချုပ်ကြီး ဟာဖစ်အာဆတ် မှ ပြန်ညွှန်းထားသည်)
ဟာဖစ်အာဆတ်
Hafez al-Assad
၁၉၈၆ က ပုံ
ဆီးရီးယားနိုင်ငံ၏သမ္မတ
တာဝန်သက်တမ်း
၁၂ မတ် ၁၉၇၁  ၁၀ ဇွန် ၂၀၀၀
ယခင်လူNureddin al-Atassi
Ahmad al-Khatib (ယာယီ)
ဆက်ခံသူAbdul Halim Khaddam (ယာယီ)
ဘာရှာအယ်အာဆတ်
ဆီးရီးယားနိုင်ငံ၏ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၂၁ နိုဝင်ဘာ ၁၉၇၀  ၃ ဧပြီ ၁၉၇၁
ယခင်လူNureddin al-Atassi
ဆက်ခံသူAbdul Rahman Khleifawi
ဘာ့သ်ပါတီ
Arab Socialist Ba'ath Party
အတွင်းရေးမှုး
တာဝန်သက်တမ်း
၁၂ စက်တင်ဘာ ၁၉၇၁  ၁၀ ဇွန် ၂၀၀၀
ယခင်လူNureddin al-Atassi
ဆက်ခံသူဘာရှာအယ်အာဆတ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1930-10-06)၆ အောက်တိုဘာ၊ ၁၉၃၀
ဆီးရီးယား
ကွယ်လွန်၁၀ ဇွန်၊ ၂၀၀၀(2000-06-10) (အသက် ၆၉)
ဆီးရီးယား
နိုင်ငံရေးပါတီဘာ့သ်ပါတီ
ကြင်ဖော်Anisa Makhlouf
မိခင်ကျောင်းHoms Military Academy
လက်မှတ်
ကင်မရာကို ကြည့်နေသည့် အာဆတ်

ဟာဖစ်အာဆတ် (၆ အောက်တိုဘာ ၁၉၃၀ - ၁၀ ဇွန် ၂၀၀၀) သည် ဆီးရီးယားနိုင်ငံအား နှစ်ပေါင်း ၃၀ နီးပါး သမ္မတအဖြစ် အုပ်ချုပ်ခဲ့သူဖြစ်သည်။သူသည် မိသားစုလက်ဆင့်ကမ်းအာဏာကို ထူထောင်ခဲ့သူလည်းဖြစ်ပြီး၊သားဖြစ်သူ ဘာရှာအယ်အာဆက် အား သမ္မတအမွေ ပေးခဲ့သူအဖြစ်လည်း ထင်ရှားခဲ့သည်။

၁၉၃၀ ပြည့်နှစ်၊ အောက်တိုဘာလ ၇ ရက်တွင် ဆီးရီးယားနိုင်ငံ၊ ကွာဒဟာမြို့၌ ဖွားမြင်သည်။

နိုင်ငံခေါင်းဆောင်အဖြစ်ထမ်းဆောင်မှု

[ပြင်ဆင်ရန်]

ဆီးရီးယား တပ်မတော်အရာရှိနှင့် နိုင်ငံရေးခေါင်းဆောင်အဖြစ်မှ သမ္မတ အဖြစ်သို့ တက်လာသူဖြစ်သည်။ ဆီးရီးယားနိုင်ငံသည် ၁၉၄၈ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် လွတ်လပ်ရေးရရှိ၍ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်လာသော်လည်း နိုင်ငံရေးတည်ငြိမ်မှု မရှိခဲ့ချေ။

နိုင်ငံရေးအစိုးရအဖွဲ့များ မကြာခဏပြုတ်ကျ၍စစ်တပ်မှ အာဏာသိမ်းမှုများလည်း မကြာခဏဖြစ်ခဲ့သည်။

၁၉၆၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင် အာဏာသိမ်းမှုဖြစ်ပြီးနောက်တွင် ဆာလာအယ်ဗီကာ ခေါင်းဆောင်သော (ဆိုရှယ်လစ်) ဘာ့သ်ပါတီ (ခ) ဗာတ်ပါတီအစိုးရတက်လာသည်။ယင်းအစိုးရတက်လာပြီးသည့် နောက်ပိုင်းတွင် နိုင်ငံ၏အခြေအနေ ပြောင်းလာသည်။ ဗာတ်ပါတီသည် လက်ဝဲယိမ်းသည်။ ပါတီအတွင်း၌ လူငယ်ပိုင်းကခေါင်းဆောင်ပိုင်း နေရာအယူများသည်။ ထိုလူငယ်ပိုင်းတွင် တပ်မတော်အရာရှိများကလွှမ်းမိုးသည်။

၁၉၆၆ ခု ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အာဏာသိမ်းမှုဖြစ်ပွားပြန်ပြီး နျူရက်ဒင်အယ်အတ္တစီက သမ္မတအဖြစ် လည်းကောင်း၊ ယူဆက်ဇေယင်က ဝန်ကြီးချုပ်အဖြစ်လည်းကောင်း ဆောင်ရွက်သည်။ ထိုအစိုးရအဖွဲ့တွင် လေတပ်မတော်၏ တပ်မှူးကြီး ဒုဗိုလ်ချုပ်ကြီး ဟာဖက်အာဆတ်သည် ကာကွယ်ရေးဝန်ကြီးအဖြစ် ဆောင်ရွက်သည်။

၁၉၇ဝ ပြည့်နှစ် နိုဝင်ဘာလတွင် ဒုတိယဗိုလ်ချုပ်ကြီး အာဆတ်သည် သမ္မတအတ္တစီအား ရာထူးမှ ဖယ်ရှား၍ အာဏာသိမ်းယူလိုက်သည်။ တစ်ချိန်တည်းမှာပင် ဗာတ်ပါတီ၏ အထွေထွေအတွင်းရေးမှူးတာဝန် ကိုလည်းထမ်းဆောင်သည်။

နိုင်ငံခြားဆက်ဆံရေး

[ပြင်ဆင်ရန်]

သမ္မတအာဆတ်၏ လက်ထက်တွင် ဆိုဗီယက်ပြည်ထောင်စု ဗူလဂေးရီးယားစသော ဆိုရှယ်လစ်နိုင်ငံများနှင့် ဆက်ဆံရေးပြေလည်ခဲ့၍ ဆိုဗီယက်ရုရှား၏ စစ်လက်နက်ပစ္စည်း အထောက်အပံ့များစွာ ရရှိခဲ့သည်။အနောက်နိုင်ငံများနှင့် ဆက်ဆံရေးမပြေလည်ခဲ့ဘဲ သူ၏သမ္မတသက်တမ်း နှစ် ၃၀ နီးပါးအတွင်း ကုလသမဂ္ဂစင်မြင့်ထက် တက်ရောက်နိုင်ခြင်းမရှိသည့် သမ္မတတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

သူသည် ပါလက်စတိုင်း ပြောက်ကျားများကို အကူအညီပေးခဲ့၍ ၁၉၇ဝ-၇၁ ခုနှစ်များတွင် ဂျော်ဒန်နိုင်ငံနှင့် အဆက်အသွယ်ဖြတ်ခဲ့ရသည်။ သို့သော် ၁၉၇၅ ခုနှစ်တွင် ပြန်၍အဆက်အသွယ်ပြုသည်။ သမ္မတအာဆတ်သည် အဇ္ဇရီယာယ်နှင့် ဖြစ်ပွားနေသော စစ်အရေးအခင်းများတွင် အီဂျစ်သမ္မတ ဆဒတ်နှင့်အတူလက်တွဲဆောင်ရွက် ခဲ့သည်။ သိုသော် ၁၉၇၇ ခုနှစ် ကုန်ဆုံးလုနီးအချိန်တွင် အကောင်အထည်ပေါ်လာသော ဆဒတ်နှင့်အဇ္ဇရီယယ် နိုင်ငံဝန်ကြီးချုပ်တို့ တစ်နိုင်ငံနှင့်တစ်နိုင်ငံအပြန်အလှန် သွားရောက်၍ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ကြခြင်းကိုမူ ထောက်ခံအားပေးခြင်းမပြုခဲ့ချေ။

သမ္မတတာဝန်လက်ဆင့်ကမ်းခြင်း

[ပြင်ဆင်ရန်]

သမ္မတ အာဆတ် သည် သမ္မတတာဝန်ကို သားစဥ်မြေးဆက် လက်ဆင့်ကမ်းရန် ကြိုတင်ပြင်ဆင်ထားခဲ့သည်။နိုင်ငံ၏ စစ်တပ်တွင်လည်း သားဖြစ်သူများကို နေရာကြိုတင်ယူထားစေခဲ့သည်။သားအကြီးဆုံးဖြစ်သူ ဘာဆယ် အယ်အာဆတ် အား နိုင်ငံရေးအမွေပေးရန် ပြင်ဆင်ခဲ့သည်။

သို့သော် ၁၉၉၄ ခုနှစ်၊ဇန်နဝါရီ ၂၂ ရက် တွင် သားအကြီးဆုံးဖြစ်သူ ဘာဆယ် အယ်အာဆတ် ဆီးရီးယားနိုင်ငံ၊ ဒမားစကပ်မြို့အနီးတွင် ကားမတော်တဆမှုဖြင့် ကွယ်လွန်သွားခဲ့သည်။ထို့ကြောင့် လန်ဒန်ရောက် ဒုတိယသားဖြစ်သူ မျက်စိဆရာဝန် ဘာရှာ အယ်အာဆတ် အား ဆင့်ခေါ်၍ နိုင်ငံရေးလောကထဲသို့ နိုင်ငံရေးလောကထဲ ဝင်ရောက်စေခဲ့သည်။

သမ္မတ အာဆတ် သည် ၂၀၀၀ပြည့်နှစ်၊ဇွန် ၁၀ ရက် တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။[]ကွယ်လွန်ချိန်တွင် အသက် ၆၉ နှစ် ရှိပြီး၊ လက်ဘနွန်ဝန်ကြီးချုပ် Salim al-Huss နှင့် တယ်လီဖုန်းပြောနေစဉ် နှလုံးဖောက်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. Bashar Al_Assad - The Funeral of President Hafez Assad 2014-10-06 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. Egypt Mourns the Death of Al-Assad (10 June 2000)။ 2024-05-20 တွင် ပြန်စစ်ပြီး။