မာတိကာသို့ ခုန်သွားရန်

ဖက်ဆစ်ဝါဒ

ဝီကီပီးဒီးယား မှ
ဖက်ဆစ်ခေါင်းဆောင်များဖြစ်ခဲ့သော ဗင်နီတို မူဆိုလီနီ (ဘေး) နှင့် ဟစ်တလာ (ညာ) (၁၉၃၇ ခုနှစ်)

ဖက်ဆစ်ဝါဒသည် လက်ယာစွန်းရောက် (Far-right) အုပ်ချုပ်ရေးပုံစံတစ်ခုဖြစ်ပြီး နိုင်ငံ၏အာဏာအများစုကို တစ်ဦးတည်းသော အုပ်ချုပ်သူ (သို့မဟုတ်) နိုင်ငံရေးပါတီတစ်ခုတည်းအောက်ရှိ အုပ်စုငယ်တစ်ခုက ချုပ်ကိုင်ထားလေ့ရှိသည်။ ဖက်ဆစ်နိုင်ငံများသည် ပုံမှန်အားဖြင့် အာဏာရှင်စနစ်သုံး ပါတီတစ်ခုတည်းကသာ လွှမ်းမိုးထားသော (Totalitarian one-party) နိုင်ငံများ ဖြစ်ကြသည်။ ၎င်းတို့သည် ဒေါသထွက်နေသော၊ အထီးကျန်နေသော၊ သို့မဟုတ် မျှော်လင့်ချက်မဲ့နေသော လူထုအမြောက်အမြားကို ပစ်မှတ်ထား စည်းရုံးပြီး အားကောင်းမောင်းသန်သော ခေါင်းဆောင်တစ်ဦး၏ နောက်ကွယ်တွင် စည်းလုံးလာစေရန် ပြုလုပ်ကြသည်။ ထိုခေါင်းဆောင်က ၎င်းတို့အား စိတ်ကူးယဉ် အဆင်ပြေချောမွေ့မည့် လူ့ဘောင်လောက (Utopia) တစ်ခု ဖန်တီးပေးမည်ဟုလည်းကောင်း၊ ၎င်းတို့အပေါ် နစ်နာအောင် ပြုမူခဲ့သူများကို ကက်ကက်လန်အောင် ကလဲ့စားချေပေးမည်ဟုလည်းကောင်း ကတိပြုလေ့ရှိသည်။[][]

ဖက်ဆစ်ဝါဒအောက်တွင် အစိုးရသည် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုအဖွဲ့အစည်း၏ အခြားကဏ္ဍများကို အာဏာရှင်ဆန်သော ကော်ပိုရိတ်စနစ် (Authoritarian corporatism) အသွင်ဖြင့် ပြင်းပြင်းထန်ထန် ထိန်းချုပ်ထားလေ့ရှိသည်။ []ဤစနစ်အောက်တွင် ကုမ္ပဏီများနှင့် လုပ်သားများသည် အမျိုးသားစည်းလုံးညီညွတ်မှုအောက်၌ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြရန် မျှော်လင့်ထားကြသည်။ ဖက်ဆစ်အစိုးရသည် ၎င်းတို့အတွက် အသုံးမဝင်ဟု ယူဆသူ မည်သူ့ကိုမဆို သတ်ဖြတ်ရန် သို့မဟုတ် နှိပ်စက်ညှဉ်းပန်းရန်အတွက် အကြမ်းဖက်မှုကို အသုံးပြုတတ်သည်။

ထိုကဲ့သို့သော အာဏာရှင်စနစ်၏ စွမ်းအားသည် ဖော်ပြပါနည်းလမ်းများဖြင့် လူထုအမြောက်အမြားကို ဆွဲဆောင်စည်းရုံးပြီး လှုံ့ဆော်ရာမှ လာခြင်းဖြစ်ပြီး၊ တူညီသောပန်းတိုင်ကို လက်ခံသဘောတူကြသူများက လူမှုအဖွဲ့အစည်းအဆင့်တိုင်းတွင် မိမိသဘောဆန္ဒအလျောက် ကူညီပံ့ပိုးပေးခြင်းသည် အဆိုပါ အာဏာရှင်နိုင်ငံတော်ကြီး ဆက်လက်ရပ်တည်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။[][]

နောက်ခံ

[ပြင်ဆင်ရန်]

၂၀ ရာစုအတွင်း အရင်းရှင်စနစ် ပိုမိုကြီးထွားလာသည်နှင့်အမျှ ကြီးမားသော ပြဿနာများကို ရင်ဆိုင်လာရသည်။ ကုန်ထုတ်လုပ်မှု ပရမ်းပတာဖြစ်သောကြောင့် စီးပွားပျက်ကပ်များ မကြာခဏဖြစ်ပေါ်သည်။ ခေါင်းပုံဖြတ်ခံရသော အလုပ်သမားများသည် နိုင်ငံရေးအသိ တိုးတက်လာသောကြောင့် အရင်းရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ကြသည်။ ကြီးမားသော ပြဿနာများကြားတွင် အရင်းရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းနိုင်ရန် အရင်းရှင်ကြီးများသည် ဒီမိုကရေစီနည်းလမ်းကို စွန့်ပယ်ပြီး အဓမ္မနည်းလမ်းများကို အသုံးပြုကြသည်။ ပြည်သူလူထုကို အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သည်။ ဤသို့ဖြင့် ဖက်စစ်စနစ်သည် ခေတ်နောက်ပြန်ဆွဲ၍ ဖောက်ပြန်သောစနစ်ဖြစ်သည်။ ၂၀ ရာစုအတွင်း ဖက်ဆစ်ဝါဒသည် အီတလီဂျာမနီနှင့် ဂျပန်တို့တွင် ထင်ရှားစွာ ထွန်းကားခဲ့သည်။ ယခုအခါမည်သည့်နိုင်ငံမှ ဖက်ဆစ်စနစ်ကိုမကျင့်သုံးတော့ပါ။[]


ကိုးကား

[ပြင်ဆင်ရန်]
  1. Ben-Ghiat, Ruth။ "An American Authoritarian"၊ August 10, 2016 October 10, 2020 တွင် ပြန်စစ်ပြီး
  2. Waxman, Olivia B.။ "What to Know About the Origins of Fascism's Brutal Ideology"၊ Time၊ March 22, 2019 October 8, 2020 တွင် ပြန်စစ်ပြီး
    • Paxton (2004), pp. 32, 45, 173; Nolte (1965) p. 300.
    • Payne, Stanley G. 2005. A history of fascism, 1914 through 1945. University of Wisconsin Press. ISBN 0-299-14874-2
    • Blamires, Cyprian. 2006. World Fascism: a historical encyclopedia. Volume 1, Santa Barbara, California: ABC-CLIO.
    • Paxton (2004), pp. 32, 45, 173; Nolte (1965) p. 300.
    • Payne, Stanley G. 2005. A history of fascism, 1914 through 1945. University of Wisconsin Press. ISBN 0-299-14874-2
    • Blamires, Cyprian. 2006. World Fascism: a historical encyclopedia. Volume 1, Santa Barbara, California: ABC-CLIO.
  3. Hirsh, David (2025). "Trotskyist reverberations: antisemitism, Stalinism, liberalism (Preface to ‘Mapping the New Left Antisemitism: The Fathom Essays’)". Fathom Journal.
  4. အဋ္ဌမတန်း -ကမ္ဘာ့သမိုင်း