ကိုဩဒိနိတ်

ဝီကီပီးဒီးယား မှ
"Coordinate"ကို ဤနေရာသို့ ညွှန်းသည်။ coordinates on the Earthအတွက် Spatial reference systemကို ကြည့်ပါ။ other uses အတွက် Coordinate (disambiguation) တွင်ရှုပါ။


အမှတ်ချအိမ် (coordinate system) ဆိုသည်မှာ ကိန်းတို့စုပေါင်းဖော်ပြချက်ဖြင့် အမှတ်တည်နေရာ အမျိုးမျိုးကို ကိုယ်စားပြုရန် ထွင်ထားသော သဘာဝပေတံစုကြီး သဖွယ် ဖြစ်သည်။ အဆိုပါ ကိန်းများကို ဖော်ပြရာတွင် အစဉ်လိုက် သတ်မှတ်မှုမှာ အရေးကြီးသည်။ ထိုသို့ဖြင့် X-ဝင်ရိုး၊ Y-ဝင်ရိုး တို့၏ တည်နေရာ အသီးသီးကို (x, y) ဟူသည်မျိုးဖြင့် အစဉ်လိုက် ဖော်ပြခြင်း ဖြစ်သည်။

အသုံးများသော အမှတ်ချအိမ် အချို့[ပြင်ဆင်ရန်]

ကိန်းမျဉ်း (Number Line)[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - Number line

အရိုးရှင်းဆုံးသော အမှတ်ချအိမ် ပုံစံမှာ အမှတ်များကို အလျားလိုက်စုစည်းထားမှု ဖြစ်သည့် မျဉ်းတစ်ခု ဖြစ်ပေမည်။

The number line
The number line

ကာတက်စီးယန်း အမှတ်ချအိမ်[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကာတက်စီးယန်း အမှတ်ချအိမ်
The Cartesian coordinate system in the plane.

ကျောင်းသားတို့နှင့် ရင်းနှီးသော X-ဝင်ရိုး၊ Y-ဝင်ရိုးတို့ချင်း ထောင့်မတ်ကျစွာ ဆွဲသားအမှတ်ချသော ပေတံစုအိမ်သဖွယ်မျိုးမှာ ကာတက်စီးယန်း အမှတ်ချအိမ် ဖြစ်သည်။

စက်ဝန်းအမှတ်ချအိမ်[ပြင်ဆင်ရန်]

အောက်ဖော်ပြပါ ပုံကို ကြည့်နိုင်သည်။

ရူပဗေဒတွင် အသုံးများတတ်သော စက်ဝန်းအမှတ်ချအိမ်. နံပါတ်ကိန်း ၃ခုကို အပိုင်းခွဲ၃ခုအဖြစ် ဖော်ပြကာ အမှတ်တည်နေရာကို ဖော်ပြသည်။ ဆန့်ထုတ်အလျားမှာ r ဖြစ်သည်၊ ရေပြင်ညီထောင့်မှာ θ (theta) ဖြစ်ပြီး၊ အမြင့်ထောင့်မှာ φ (phi) ဖြစ်သည်။ ρ (rho) သင်္ကေတကိုလည်း rနေရာတွင် ရံဖန်ရံခါ သုံးကြသည်။


External links[ပြင်ဆင်ရန်]

တမ်းပလိတ်:Tensors