ဗြဟ္မာယာစနသုတ်

ဝီကီပီးဒီးယား မှ

[၁] ဘုရားရှင် မဂဓနိုင်ငံ ဥရုဝေလတောအုပ် နေရဉ္ဇရာမြစ်အနီး သတ္တသတ္တာဟ စံနေတော်မူပြီး (ဗုဒ္ဓဂယာ) အဇပါလညောင်ပင်အနီး၌ သီတင်းသုံးတော်မူစဉ် တရားတော်ကို လူသားတို့ တွေးခေါ်ကြံစည်ရုံမျှဖြင့် မသိနိုင်ပုံ၊ လူသားများ၏ ကိလေသာ ကာမဂုဏ်တို့ဖြင့် ပျော်မွေ့နေကြပုံ၊ ယုံကြည်မှုသဒ္ဒါဓာတ် အားကောင်းစေနိုင်သည့် ဗြဟ္မာတောင်းပန်မှု လိုအပ်နေသေးပုံ-အစရှိသော အကြောင်းတို့ကြောင့် တရားဟောတော်မမူသေးရန် အကြံအစည်ဖြစ်ပုံနှင့် လောကဂရု သဟမ္ပတိဗြဟ္မာကြီး၏ တရားဟောတော်မူရန် လျှောက်ထားတောင်းပန်မှုနှင့် တရားဟောတော်မူရန် ပဋိညာဉ် ပေးတော်မူပုံကို ပြဆိုသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၁၃၈-၁၄၀။ သံ၊မြန်၊၁၊၁၄၁-၃။ သံ၊ဋ္ဌ၊၁၊၁၇၉-၁၈၆။ သံ၊ဋီ၊၁၊၂၂၉-၂၃၇။ (ဝိ၊၃၊၅-၁၀။ ဝိ၊ဋ္ဌ၊၃၊၂၄၂-၅။ ဝဇိရ၊၃၉၇-၈။ သာရတ္ထ၊၃။၁၅၀-၁၆၀။ ဝိမတိ၊၂၊၈၅-၈။ ဒီ၊၂၊၃၀-၄၊ ဒီ၊ဋ္ဌ၊၂၊၅၅-၆၂။ ဒီ၊ဋီ၊၂၊၅၇-၆၆။ မ၊၁၊၂၂၄-၆။ မ၊၂၊၂၉၁-၅။ မ၊ဋ္ဌ၊၁၊၈၀-၇။ မ၊ဋီ၊၂၊၁၃၀-၇။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၆-ဗြဟ္မသံယုတ္တ၊ ၁-ပဌမဝဂ္ဂ၊ ပဌမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ