ဗြဟ္မဒေဝသုတ်
ပုံပန်းသွင်ပြင်
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် တစ်ယောက်သော ပုဏ္ဏေးမ၏သားဖြစ်သော ဗြဟ္မဒေဝသည် ဘုရားရှင်ထံတော်၌ ရဟန်းပြုပြီး ရဟန်းတရား ပွားများအားထုတ်ခြင်းကြောင့် အာသဝေါကုန်ခန်း ရဟန္တာဖြစ်လေသည်။
အရှင်ဗြဟ္မဒေဝသည် နံနင်ခင်း အိမ်စဉ်အတိုင်း ဆွမ်းခံဝင်ကြွတော်မူရာ မိခင် အိမ်သို့ ဝင်ရောက်သီတင်းသုံးနေ၏။ အရှင်ဗြဟ္မဒေဝ၏ မိခင်ပုဏ္ဏေးမကြီးသည် အရှင်ဗြဟ္မဒေဝထေရ်အား ဆွမ်းမလှူဘဲ ပူဇော်နေကျဗြဟ္မာအား အမြဲပသဖွယ် နို့ဃနာဆွမ်းကို တင်ကိုးပသနေ၏။ သဟမ္ပတိဗြဟ္မာရောက်လာပြီး ကောင်းကင်၌ ရပ်လျက် အရှင်ဗြဟ္မဒေဝ၏ ဂုဏ်တော်တို့ကို ချီးကျူးဟောကြားပြီး အရှင်ဗြဟ္မဒေဝအား မြတ်သောအလှူကို ပေးလှူစေပုံကို ပြဆိုသည့်သုတ်။
အဋ္ဌကထာ, ဋီကာတို့၌ အကျယ်မှတ်သားဖွယ် ဖွင့်ဆိုချက်များစွာရှိပါသည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ သံ၊၁၊၁၄၂-၄။ သံ၊မြန်၊၁၊၁၄၅-၇။ သံ၊ဋ္ဌ၊၁၊၁၈၇-၁၉၀။ သံ၊ဋီ၊၁၊၂၃၉-၂၄၁။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂ၊ ၆-ဗြဟ္မသံယုတ္တ၊ ၁-ပဌမဝဂ္ဂ၊ တတိယသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ